DVB Logo
Home
မြန်မာသတင်း
မြန်မာအရေးကိုင်တွယ်ရာတွင် ခေါင်းဆောင်မှုပျက်ကွက်ခဲ့သည့် အာဆီယံကို ပြစ်တင်ရှုတ်ချ
DVB
·
November 12, 2022
မြန်မာအရေးကိုင်တွယ်ရာတွင် ခေါင်းဆောင်မှုပျက်ကွက်ခဲ့သည့် အာဆီယံကို ပြစ်တင်ရှုတ်ချ
Donate to DVB

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ဟာ မြန်မာပဋိပက္ခကိုကိုင်တွယ်ရာမှာ ခေါင်းဆောင်မှု ပျက်ကွက်ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့  Fortify Rights အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်မှာ အာဆီယံကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အာဆီယံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၁၁ ရက်က ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့မှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက မအောင်မြင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ဒေသတွင်းတင်းမာမှုတွေ အပေါ် တုံ့ပြန်မှုတွေကိုဖြေရှင်းဖို့တွေအကြောင်း ဆွေးနွေးခဲ့ကြတာပါ။ 

Fortify Rights က သူ့ဆီမှာ ပေါက်ကြားလာတဲ့ အာဆီယံအဖွဲ့တွင်း သီးသန့်စာတမ်းကို ရရှိထားပြီး အဲဒီစာတမ်းထဲမှာ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေကလွဲလို့ တခြား အာဆီယံအစည်းအဝေးတွေ အားလုံးမှာ မြန်မာစစ်အာဏာရှင်အုပ်စုကို အပြည့်အ၀ ပါဝင်ခွင့်ပြုဖို့ အဆိုပြုထားတယ်ဆိုပါတယ်။

အာဆီယံအနေနဲ့ အစုအဖွဲ့တလျှောက်လုံးမှာ မြန်မာရဲ့ပါဝင်မှုကို ဆိုင်းငံ့ထားသင့်ပြီး ငြိမ်းချမ်းရေး အတွက် တိုးတက်မှုကို စစ်အာဏာရှင်အုပ်စုက ဆက်ပြီး တားဆီး ဟန့်တားနိုင်မှာမဟုတ်ကြောင်း Fortify Rights မှ အရာရှိ  ပတ်ထရစ် ပွန်းဆာသွန်းက ပြောပါတယ်။

“အာဆီယံက ဒီလူသတ် စစ်အစိုးရကို ဒီအစုအဖွဲ့ရဲ့ အစိတ်အပိုင်းအဖြစ် ဘယ်လို ဆက်ခွင့်ပြုနိုင်မှာလဲ။”  

အာဆီယံခေါင်းဆောင်တွေအနေနဲ့ အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံ အကျပ်အတည်းရဲ့ အဖြေမဟုတ်ဘဲ အဓိကတရားခံဖြစ်တာကို လက်တွေ့ကျကျ နားလည်လက်ခံဖို့ လိုအပ်တယ်လို့လည်း  ပတ်ထရစ်က  ပြောပါတယ်။  

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ အကြိတ်အနယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်အရ အာဆီယံဟာ အချက် ၅ ချက် သဘောတူညီမှုကို ဆက်ထောက်ခံသွားမှာဖြစ်ပေမယ့် ခိုင်မာတိကျပြီး လက်တွေ့ဆန်တဲ့ လုပ်ဆောင်ချက် လိုအပ်နေကြောင်း ကောက်ချက်ချသွားပါတယ်။

အာဆီယံဟာ ကနဦး အကြံပြုချက်မူကြမ်းမှာ စစ်ကောင်စီက အကြမ်းဖက်သမားတွေလို့ ယူဆထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မပါဝင်ပေမယ့်လည်း အာဆီယံအစည်းအဝေး အဆင့်ဆင့်မှာ မြန်မာနိုင်ငံကိုယ်စားပြုမှုကို သုံးသပ်သွားမယ်လို့ ဆိုပါတယ်။ 

Photo- Cambodia Prime Minister 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013