DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦးက လက်နက်ကြီးရရှိရေး သနပ်ခါးထီ စတင်ရောင်းချ
DVB
·
November 11, 2022
မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦးက လက်နက်ကြီးရရှိရေး သနပ်ခါးထီ စတင်ရောင်းချ
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာကနေ ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်နေတဲ့ မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး - Myaing Villages Revolution Front က ပခုံးထမ်း RPG လက်နက်ကြီး ရရှိရေးအတွက် သနပ်ခါးထီကို အခုနိုဝင်ဘာလမှာ စတင်ရောင်းချသွားမယ်လို့ ကြေညာပါတယ်။

“ပခုံးထမ်း RPG အတွက်ကူ MVRF သနပ်ခါးထီထိုးရင်း ဆုကြီးတွေယူ…” လို့ အမည်ပေးထားတဲ့ ဒီကမ်ပိန်းကိုတော့ ပခုက္ကူခရိုင် အမှတ်-၆ တပ်ရင်း MVRF ရဲ့ ကိုယ်ထူကိုယ်ထ ရန်ပုံငွေရှာဖွေတာဖြစ်ပြီး ထီ ၁ စောင်ကို ငွေကျပ် ၂,၀၀၀ နဲ့ အနည်းဆုံး ၅ စောင်တွဲက စတင်ပြီးတော့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

ဆုကြေးအနေနဲ့ ငွေကျပ်သိန်း ၂၀ ဆု ၁ ဆု၊ ၁၀ သိန်းဆု ၂ ဆု အပါအဝင် ဆုမဲပေါင်း ၁၅ ခုပါဝင်မယ့် ဒီရောင်းချမှုမှာတော့ မြေပြင်နဲ့ အွန်လိုင်း ၂ ခုပေါင်း ထီအစောင်ရေ ၅,၀၀၀ ကို ကနဦး ရောင်းချသွားမှာဖြစ်ပြီး ပေါက်မဲနံပါတ်ကိုတော့ လာမယ့် ဒီဇင်ဘာလဆန်းထဲမှာ  ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး - Myaing Villages Revolution Front ကိုတော့ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဓမ္မဘက်တော်သား ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နိုင်ဖို့နဲ့ စစ်အာဏာရှင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်မဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် အကြမ်းဖက်မှုတွေကို မြိုင်မြို့နယ်ထဲက ကျေးရွာတွေချင်း အချိတ်အဆက်မိမိ ခုခံတွန်းလှန် ထိုးစစ်ဆင်နွှဲဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013