DVB Logo
Home
မြန်မာသတင်း
သမ္မတဦး၀င်းမြင့်နှင့်အတိုင်ပင်ခံတို့အပေါ် ပြစ်ဒဏ်ချပြီးသားအမှုများ နှစ်ဖက် အယူခံတင်ထား
DVB
·
November 10, 2022
သမ္မတဦး၀င်းမြင့်နှင့်အတိုင်ပင်ခံတို့အပေါ် ပြစ်ဒဏ်ချပြီးသားအမှုများ နှစ်ဖက် အယူခံတင်ထား
Donate to DVB

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်စုကြည်တို့အပေါ် ပုဒ်မမျိုးစုံနဲ့ စွပ်စွဲတရားစွဲဆိုပြီး အမိန့်ချပြီးသားအမှုတွေကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဥပဒေရေးရာဌာနတို့က အမှုတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်ချက်တွေ၊ အယူခံတွေ တင်ထားတယ်လို့ တရားရေးနဲ့ပတ်သက်တဲ့ အသိုင်းဝိုင်းကနေ သိရပါတယ်။

“အရင်အမိန့်ချထားတဲ့ ဆက်သွယ်ရေးပုဒ်မ၊ ပို့ကုန်သွင်းကုန်ပုဒ်မ၊ သဘာဝဘေးပုဒ်မ၊ ၅၀၅(ခ)အမှုတွေကို ပြင်ဆင်မှုတက်ထားတာ။ အဲဒါ ဒီနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တပါးထိုင်က လက်ခံထားတယ်” လို့ တရားရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒါအပြင် နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလုပ်တဲ့ လရောင်တောစီမံကိန်း မြေနေရာချထားပေးမှု၊ ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံချုပ်မြေနေရာ ငှားရမ်းမှုတွေနဲ့ ပတ်သက်တဲ့ အမှုလေးမှုကို အယူခံတက်ထားသလို စစ်ကောင်စီလက် အောက်ခံ ဥပဒေရေးရာဌာနကလည်း ဒီအမှုလေးမှုနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတက်ထားတယ်လို့ သိရပါတယ်။

“နေပြည်တော်လရောင်တောက သုံးမှု၊ ရန်ကုန်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာအမှု အဲဒါတွေကို ဒီနေ့ အယူခံတက်တာ လက်ခံပေးဖို့ ဒီအမှုတွေက မှားယွင်းတယ်ဆိုပြီး လျှောက်တယ်၊ လျှောက်တာကို လက်ခံတယ်။ အဲလိုပဲ တဖက် ဥပဒေရေးရာဌာနကလည်း အဲအမှုတွေမှာ ပစ္စည်းတွေကို ပြည်သူပိုင်အဖြစ် မသိမ်းလို့ဆိုပြီး ပြင်ဆင်မှုတက်တယ်။ အဲဒါကို သူတို့ကလည်း လက်ခံပေးဖို့ လျှောက်တယ်။ သူတို့တက်တဲ့ ပြင်ဆင်မှု သုံးမှုကိုလည်း လက်ခံတယ်။ ဒီဘက်က တက်တဲ့ အယူခံလေးမှုကိုလည်း လက်ခံတယ်။ အဲဒါ နှစ်ဖက် ခေါ်မယ် ကြားနာမယ်” လို့ အဆိုပါ နီးစပ်သူက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းတာနဲ့ပတ်သက်တဲ့ အမှုနှစ်ကိုလည်း နှစ်ဖက် ပယ်ဖျက်ပေးဖို့နဲ့ ပြင်ဆင်မှုတင်ထားတွေကိုတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

“ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့ အမှုနှစ်ခုရဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့တက်တယ်။ အဲလိုပဲ သူတို့ဘက်ကလည်း အမှုနံပါတ်လေးမှာ သူတို့က စွပ်စွဲတာက ဒေါ်လာ ငါးသောင်း တကြိမ်၊ နှစ်သိန်းခွဲ တကြိမ် ပေါင်း သုံးသိန်းဆိုပြီး သူတို့က စွပ်စွဲတာ။ ဒါပေမယ့် ဦးမောင်ဝိတ်ကိုယ်တိုင် ရုံးချိန်းတွေမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူတာပါ ငါးသောင်း တကြိမ်လှူတာပါ။ နှစ်သိန်း တကြိမ် လှူတာပါလို့ ထွက်ထားတော့ ငါးသောင်းက ပျောက်နေတယ်။ အဲပျောက်နေတဲ့ ငါးသောင်းကို ထပ်ပြီးတော့ ထည့်ပေးပါဆိုပြီး ပြင်ဆင်မှုတခု တက်တယ်။ ဒါပေမယ့် နှစ်ဖက်လုံးက တက်တာကို ပယ်လိုက်တယ်၊ ပလပ်လိုက် တာပေါ့” လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

လာမယ့် နို၀င်ဘာ ၁၆ ရက်နေ့မှာ ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုတွေကို အယူခံတက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေါက် တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့အပေါ်ချထားတဲ့ အမိန့်တွေနဲ့ ပတ်သက်လို့ အယူခံတက်ထားတာကိုလည်း နို၀င်ဘာ ၁၆ ရက်နေ့ ကြားနာမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013