DVB Logo
Home
မြန်မာသတင်း
NUG ဝန်ကြီးများ ဆွေးနွေးပွဲတက်ခွင့်မရသည့်အပေါ် ကုလသမဂ္ဂကို အရှေ့တီမောသမ္မတ ပြစ်တင်
DVB
·
November 10, 2022
NUG ဝန်ကြီးများ ဆွေးနွေးပွဲတက်ခွင့်မရသည့်အပေါ် ကုလသမဂ္ဂကို အရှေ့တီမောသမ္မတ ပြစ်တင်
Donate to DVB

ကုလသမဂ္ဂက ကန့်ကွက်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ Global Townhall 2022 ဆွေးနွေးပွဲကနေ ဖယ်ရှားခံရတဲ့အပေါ် အရှေ့တီမော သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ဝေဖန်လိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးမူဝါဒ အသိုင်းအဝန်းက စီစဉ်တဲ့ Global Townhall ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးကို ဟောပြောမယ့်လူစာရင်းမှာ ဖိတ်ကြားထားရာကနေ ကုလသမဂ္ဂအရာရှိက ဖိအားပေးတဲ့အတွက် ပွဲစီစဉ်သူတွေက နိုဝင်ဘာ ၆ ရက်နေ့မှာ ဖိတ်ကြားထားတဲ့ လူစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာပြည်သူတွေ သတ်ဖြတ်၊ အကျဉ်းချခံနေရချိန်မှာ ကုလသမဂ္ဂရဲ့ သံသယဖြစ်စရာ ကြားနေရေးမူကို ဆက်ထိန်းနေတာလို့ အရှေ့တီမောသမ္မတက ပြောပါတယ်။

ကုလသမဂ္ဂက နောက်တကြိမ် သစ္စာဖောက်တာကို မြန်မာပြည်သူတွေ ထပ်ခံလိုက်ရတယ်လို့ ပြင်းပြင်းထန်ထန် ပြစ်တင်ထားပါတယ်။

ဟောပြောပွဲမှာ NUG က ဝန်ကြီးတွေအစား ကုလသမဂ္ဂ အရာရှိတဦးကို ဟောပြောသူအဖြစ် လူစာရင်းသွင်းခဲ့တယ်လို့ အရှေ့တီမောသမ္မတက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဖိတ်ထားပြီးသားသူတွေကို စာရင်းကနေ ပယ်ဖျက်မယ့်အစား ကုလအရာရှိကိုသာ ဖိတ်ကြားမှုကနေ ရုပ်သိမ်းသင့်တယ်လို့လည်း ဝေဖန်ပါတယ်။

Global Townhall 2022 ကို ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားခေါင်းဆောင်တွေ အွန်လိုင်းကနေ တက်ရောက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013