DVB Logo
Home
Lead Story
လေ မကယ်ရင် သေဖွယ်ရာပဲ ရှိတော့တယ်
DVB
·
November 10, 2022
လေ မကယ်ရင် သေဖွယ်ရာပဲ ရှိတော့တယ်
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန် စစ်အုပ်စုက မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ကာ အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ စတင်လုပ်ဆောင်ခဲ့တယ်။

နိုင်ငံတော်ကြီး စစ်ကျွန်အဖြစ်နဲ့ နွံမနစ်စေရေး အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်ဖို့ ကြွေးကြော်သံခပ်ပြင်းပြင်းနဲ့ အရပ်သားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်း‌တွေ အလွှာစုံ အရောင်စုံ လူကြီး လူလတ် လူငယ်အားလုံး ပါဝင်တဲ့ လူထုသပိတ်စစ်ကြောင်းအသီးသီးတွေနဲ့ မြို့တိုင်း နယ်တိုင်း ရွာတိုင်းက လမ်းမပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြတယ်။

အကြမ်းဖက်မှုမရှိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်သူတွေက “ဘယ်သူ့သားလည်း ပြည်သူ့ စစ်သား ၊ ဘယ်သူသားလည်း ပြည်သူ့ ရဲသား " ဆိုပြီး မြန်မာနိုင်ငံသား ပြည်သူ့သားတွေဖြစ်လို့ အားကိုးခဲ့ကြတယ် မမုန်းကြဘူး စားစရာသောက်စရာလည်း ဝေငှ ပြည်သူ့ဘက်ရပ်တည်ကြဖို့ အနူးညွတ် ခခယယတောင်းဆိုကြတယ်။ ဒါပေမဲ့ အာဏာရှင် လူတစ်စုရဲ့ မလွန်ဆန်နိုင်တဲ့ အမိန့်ပေးစေခိုင်းမှုအောက်မှာ ပြည်သူတွေရဲ့ မျက်ရည်နဲ့ တောင်းဆိုသံကို သူတို့ကျောခိုင်းလိုက်ကြတယ်။

စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို တဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာတာက တရားမဝင် အာဏာသိမ်းပြီး ရက်သတ္တပတ်လောက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၉ ရက်နေ့ စစ်အာဏရှင်ဆန့်ကျင့်ရေး နေပြည်တော်ဆန္ဒပြပွဲမှာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ဦးခေါင်း သေနတ်ကျန်ဆန်ထိမှန်ပြီး အရေးပေါ်ဆေးရုံပို့ကုသပေမယ့် (၁၀) ရက်လောက် အကြာမှာတော့သေဆုံးခဲ့ရတယ်။ ပြည်သူတွေ ထိတ်လန့် တုန်လှုပ်သွားကြတယ်။ တအံ့တဩ ညည်းတွားကြတယ် "လုပ်ရက်လေခြင်း၊ လူကို ခွေးသတ်လေခြင်း"ဆိုတဲ့ အသံတွေ နိုင်ငံတဝန်းက ပြည်သူတွေ နှမျောတသ ဝမ်းနည်းခဲ့ကြတယ်။ စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေကို ဘယ်သူ့သားလည်း ပြည်သူ့စစ်သား ပြည်သူ့ရဲသားဆိုတဲ့အသံအစား အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ခွေး၊ ရဲခွေးဆိုပြီး ပြောင်းလဲခေါ်ဝေါ် သမုဒ်ခဲ့ကြတယ်။ မအလ ရဲ့လက်ပါးစေတွေရဲ့ သရုပ်မှန်ရှင်းရှင်းလင်းလင်းကြီးသိသွားပြီးတဲ့နောက် " သတ္တိရှိတဲ့ကောင် ထွက်ခဲ့ " လို့ လက်နက်ကိုင်ပြီးခေါ်တဲ့သူတွေကို လက်နက်ကိုင်ပြီး ပြည်သူတွေပြန်တော်လှန်ခဲ့ကြတယ်။

လက်နက်ကိုင်ပြီး ပြန်တော်လှန်လိုစိတ်ပြင်းပြတဲ့ လူငယ်တွေက ပြည်သူလူထုကို မတရားအနိုင်ကျင့်နှိပ်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံတွေကို တော်လှန်တိုက်ခိုက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီသွားရောက်ကာ အခြေခံစစ်ပညာ၊ ဖောက်ခွဲရေးပညာတွေ သင်ကြားခဲ့ကြတယ်။ အသက်ကိုပဓာနမထား တွန်းလှန်တိုက်ခိုက်နေကြတာဆိုရင် မြေပြင်တိုက်ခိုက်မှုသတင်းတွေ ထိတွေတိုက်ပွဲသတင်းတွေ နေ့စဉ်နဲ့အမျှကြားသိနေရတယ်။စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရတာတွေကလည်း နေ့စဉ်ရှိလာတယ်။ အာဏာရှင် စစ်အုပ်စုက ပြည်သူလူထုရဲ့ မထင်မှတ်တဲ့ တွန်းလှန်တိုက်ခိုက်တာတွေ နေ့စဉ်ဖြစ်ပေါ်လာတော့ "ကြွက်"မနိုင် "ကျီ"မီးနဲ့ရှို့ကြပါတော့တယ်။ ပြည်သူတွေကြောက်ပြီးရပ်မလားလို့ မီးရှို့ သတ်ဖြတ် နှိပ်စက်လေ တော်လှန်ရေးအင်အားက ပိုမိုကြီးထွားလာလေနဲ့ လှုပ်လေ မြုပ်လေဖြစ်နေတဲ့ စစ်အုပ်စုဟာ ပြည်တွင်း/ပြည်ပမှာ ပိုမိုအထိနာလာခဲ့ပါတယ်။

မြေနဲ့ ရေ ကျန်ရင်တော်ပြီ မြို့တွေရွာတွေ ပြာကျရင်ကျဆိုတဲ့သဘောနဲ့ ဘာမှမမြင်တော့ လောက်အောင် အကန်းတွေလို့ မဲမဲမြင်ရာရန်သူလို့သတ်မှတ်ပြီး ဖြုတ်၊ ထုတ်၊ သတ်လမ်းစဉ်လိုက်နေတာ သူတို့အတွက် နေဝင်ချိန်ဟာ မကြာတော့ဘူးလို့ ကောက်ချက်ချလို့ရနေပါပြီ။

မြေပြင်မှာ မယှဉ်သာသမျှ ဝေဟင်ကိုသာအားထားလာခဲ့ရတော့တယ် ထစ်ကနဲရှိ လေယာဉ်နဲ့ ဗုံးကြဲ မနိုင်တော့ရင် လေယာဉ်နဲ့ကူ၊ သေတာများလာရင်လေယာဉ်နဲ့ပစ်၊ လေယာဉ်မှ မကယ်ရင် သေဖွယ်ရာပဲရှိတော့တဲ့ စစ်အုပ်စုရဲ့ လေယာဉ်တွေ ဝေဟင်ကို မတက်နိုင်တော့တာနဲ့ မတရား အာဏာသိမ်းထားတာ နိဂုံးချုပ်ပြီ ဒါကြောင့် ပြည်သာဖို့အရေး ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013