DVB Logo
Home
မြန်မာသတင်း
သမိုင်းခုံးကျော်တံတားပေါ်မှ အမျိုးသား ၁ ဦး ခုန်ချ
DVB
·
November 8, 2022
သမိုင်းခုံးကျော်တံတားပေါ်မှ အမျိုးသား ၁ ဦး ခုန်ချ
1 / 2
Donate to DVB

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ သမိုင်းခုံးကျော်တံတားပေါ်ကနေ အသက် ၄၀ အရွယ် အမျိုးသားတယောက် နိုဝင်ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းက ခုန်ချခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၆ နာရီက အသက် ၄၀ အရွယ် အမည်မသိ အမျိုးသားတယောက်ဟာ သမိုင်းခုံးကျော်တံတားပေါ်ကနေ ခုန်ချခဲ့တာကို ပတ်ဝန်းကျင်က မြင်တွေ့ခဲ့ပြီးနောက် ပရဟိတအသင်းတွေကို ဖုန်းဆက် အကူအညီတောင်းခဲ့တာ ဖြစ်တယ်လို့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပတ်ဝန်းကျင်က တံတားပေါ်က ခုန်ချတာတွေ့လို့ ပရဟိတအသင်းတွေကို ဖုန်းဆက်တာ၊ အသင်းသုံးသင်းလောက် သွားကူညီတယ်၊ မသေပေမဲ့ ထိခိုက်ဒဏ်ရာရတယ်၊ အခုဆေးရုံမှာ” လို့ ပြောပါတယ်။

သမိုင်းခုံးကျော်တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသားကို ပရဟိတအဖွဲ့က မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

ခုန်ချခဲ့တဲ့ အမျိုးသားရဲ့ နေရပ်လိပ်စာနဲ့ ခုန်ချခဲ့တဲ့ အကြောင်းရင်းကို လက်ရှိအခြေအနေထိ မသိရသေးဘူးလို့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မရမ်းကုန်းမြို့နယ် ကမ္ဘာအေးခုံးကျော်တံတားပေါ်ကနေ  အမည်မသိ အမျိုးသားကြီးတယောက် ခုန်ချခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013