DVB Logo
Home
Lead Story
ဘားအံ၊ သာမညကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ
DVB
·
November 3, 2022
ဘားအံ၊ သာမညကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမည (ဘေးမဲ့သာသနာ့နယ်မြေ) ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၂ ရက် ည ၈ နာရီလောက်က အမည်မသိ လူ ၂ ယောက်က ဆိုင်ကယ်ပေါ်ကနေ ဗုံးပစ်ခဲ့တဲ့အတွက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ထိမှန်ဒဏ်ရာရရှိပြီး စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လမ်းမတန်းတလျှောက် အော်ဟစ်ဆဲဆိုပြီး သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာအနီး နေထိုင်သူတယောက်က “ဗုံးပေါက်သံတော့ ကြားလိုက်တယ်။ ခဏနေတော့ ဆဲဆိုပြီး ရွာလမ်းတလျှောက် သေနတ်တွေနဲ့ လိုက်ပစ်တော့တာပဲ။ ပစ်ခတ်ပြီးမကြာဘူး၊ လူနာတင်ကားနဲ့လာပြီး ဒဏ်ရာရတဲ့သူ ၂ ယောက်ကို ဘားအံဆေးရုံကို ခေါ်သွားတာ တွေ့လိုက်တယ်။ BGF နဲ့ ရဲတွေက တော်တော်ဆိုးပါတယ်။ ဘေးမဲ့သာသနာ့နယ်မြေ သိသိကြီးနဲ့ အရက်တွေ သောက်စားနေတာ အုပ်ချုပ်ရေးမှူးလည်း မပြောရဲဘူးထင်တယ်။ စည်းကမ်းထိန်းတဲ့ မဘသကိုယ်တော်တွေပါ စကစနဲ့ပေါင်းပြီး သတင်းပေးတွေ ဖြစ်ကုန်ပြီ” လို့ ပြောပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သာမညကျေးရွာအတွင်းမှာ လှည့်လည်သွားလာနေတဲ့အပြင် စစ်ဆေးတာတွေပါ ဆောင်ရွက်လာတဲ့အတွက် မတရားဖမ်းဆီးခံရမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကော့ကရိတ်-ဘားအံ ကားလမ်းတလျှောက် လုံခြုံရေးရယူရာမှာ သာမည (ဘေးမဲ့သာသနာ့နယ်မြေ) ကျေးရွာအတွင်းပိုင်းအထိ လုံခြုံရေးရယူလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် ညပိုင်းက စစ်ကောင်စီခန့် သာမည‌ကျေးရွာအုပ်ချုပ်ရေးမှူး စောသိန်းနိုင် အိမ်မှာ ဗုံးပေါက်ကွဲခဲ့သလို အောက်တိုဘာ ၁၃ ရက် မနက် ၇ နာရီလောက်ကလည်း ဘားအံ-မြဝတီ (သာမညအတွင်း) လမ်းမတန်းအနီးမှာ နေထိုင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဘားအံခရိုင်ဥက္ကဋ္ဌ ဦးခွန်အောင်ကျော်မိုးဟာ နေအိမ်မှာ အမည်မသိ လက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သာမညကျေးရွာဟာ သာမညတောင်ဆရာတော်ကြီး ရှိစဉ်တည်းက သက်သတ်လွတ် ဘေးမဲ့တောင်အဖြစ် သတ်မှတ်ထားပြီး ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက်ပိုင်း ကျေးရွာအတွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ၊ BGF၊ DKBA၊ KNU/KNLA(PC) တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လှုပ်ရှားနေတဲ့အပြင် နေထိုင်သူတွေလည်း ရှိလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013