DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၁ သန်းကျော်ရှိလာ
DVB
·
November 3, 2022
အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၁ သန်းကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၄ သန်းကျော် ရှိလာပြီး အဲဒီထဲက လူဦးရေ ၁ ဒသမ ၁ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီးဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေသေဆုံးခဲ့ရပြီးနောက် ကချင်ပြည်နယ်မှာ တင်းမာမှုတွေ မြင့်တက်နေပြီး ကယားပြည်နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတာကြောင့် အရပ်သားသေဆုံးမှုတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေ ရှိနေတယ်လို့ UNOCHA ဆိုပါတယ်။ 

ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာတော့ စီထရန်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာက နေအိမ်အများအပြား ပျက်စီးခဲ့သလို မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက လယ်ဧကထောင်ပေါင်းများစွာ ‌ရေမြှုပ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ပဋိပက္ခကြောင့် ရွှေ့ပြောင်းအခြေချရသူတွေ၊ ထိခိုက်ခံစားရသူတွေနဲ့ အကူအညီတွေ လက်လှမ်းမီရောက်ရှိဖို့ ကန့်သတ်ထားတဲ့ ဒေသတွေက ပြည်သူတွေအတွက် အရေးပေါ်နဲ့ လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေကို ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ ကြိုးပမ်းနေကြပေမယ့် ရခိုင်ပြည်နယ်အပါအဝင် တချို့ဒေသတွေမှာ ပိတ်ဆို့တားဆီးမှုတွေနဲ့ အသွားအလာတွေ ကန့်သတ်ထား တာကြောင့် အကူအညီ လိုအပ်နေသူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိဖို့ အဟန့်အတားတွေလည်း ဖြစ်ပေါ်နေတယ်လို့လည်း UNOCHA က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013