DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တလအတွင်း ဗုံးပေါက်ကွဲ၊ ပစ်ခတ်မှု အကြိမ် ၃၀ ကျော်ဖြစ်ပွားပြီး ဗိုလ်ကြီးအပါအဝင် ၂၀ ကျော်သေဆုံး
DVB
·
November 2, 2022
ရန်ကုန်တွင် တလအတွင်း ဗုံးပေါက်ကွဲ၊ ပစ်ခတ်မှု အကြိမ် ၃၀ ကျော်ဖြစ်ပွားပြီး ဗိုလ်ကြီးအပါအဝင် ၂၀ ကျော်သေဆုံး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုပေါင်း ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကအရာရှိ ဗိုလ်ကြီးအပါအဝင် အနည်းဆုံး အယောက် ၂၀ သေဆုံးကာ ၃၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဗွီဘီက လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။

ပစ်ခတ်မှုတွေကတော့ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ တွံတေး၊ ရွှေပြည်သာနဲ့ လှိုင်မြို့နယ်တို့မှာ ၁၀ကြိမ်ဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး၊ တပ်သား၊ ရာအိမ်မှူး ၄ ယောာက်၊ အုပ်ချုပ်ရေးမှူး တယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

အလားတူပင် လှိုင်၊ ဒလ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ တာမွေ၊ သာကေတ၊ စမ်းချောင်း၊ ဗဟန်း၊ ရန်ကင်း၊ ကမာရွတ်နဲ့ မရမ်းကုန်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှု  ၂၂ ကြိမ်ဖြစ်ခဲ့ပြီး ၈ ယောက် သေဆုံးကာ ၃၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲတွေအနက် အောက်တိုဘာ ၁၉ ရက် မနက်က အင်းစိန်အကျဥ်းထောင် ဗုံးပေါက်ကွဲမှုမှာ အကျဥ်းဦးစီးဌာနမှ ဝန်ထမ်းသုံးယောက်နဲ့ ထောင်ဝင်စာပို့ဆောင်သူ အမျိုးသမီးယောက် သေဆုံးကာ ဝန်ထမ်းနဲ့ ထောင်ဝင်စာပို့ဆောင်သူ ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်ရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ဗုံးပေါက်ကွဲနဲ့ ပစ်ခတ်မှု ၄၇ ကြိမ်ဖြစ်ခဲ့ပြီး  အငြိမ်းစားဗိုလ်ချုပ်အုန်းသွင် အပါအဝင် ၁၅ ယောက် သေဆုံးကာ ၂၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013