DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းတွင်နေထိုင်သူများ NUG pay အပလီကေးရှင်း အသုံးပြုရန် အခက်အခဲရှိနေ
DVB
·
November 1, 2022
ပြည်တွင်းတွင်နေထိုင်သူများ NUG pay အပလီကေးရှင်း အသုံးပြုရန် အခက်အခဲရှိနေ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ဖို့ ပြုလုပ်ထားတဲ့ အွန်လိုင်း ငွေကြေးဝန်ဆောင်မှုတခုဖြစ်တဲ့ NUG pay အပလီကေးရှင်းကို မြန်မာနိုင်ငံထဲမှာ နေတဲ့ ပြည်သူတွေအနေနဲ့ လက်ရှိအချိန်ထိ အသုံးပြုဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။

သုံးစွဲသူတွေအနေနဲ့ မြေပြင်မှာ ငွေသွင်းငွေထုတ်လုပ်ဖို့ ကိုယ်စားလှယ်တွေ ရှာမရတာ၊ အကြောင်းမပြန်တာအပြင် အကောင့်သစ်စဖွင့်ဖို့ လုပ်နေတဲ့သူတွေကိုလည်း စာမပြန်တာမျိုးတွေ ရှိနေတယ်လို့ NUG Pay သုံးစွဲနေသူတယောက်က ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာလည်း စစ်ကောင်စီဘက်က Mobile Banking တွေကို စစ်ဆေးနေပြီး မသင်္ကာတဲ့ အကောင့်တချို့ကို ပိတ်ခဲ့တာမျိုးတွေရှိသလို NUG Pay သုံးစွဲသူတွေ အနေနဲ့လည်း အပြင်ကို သွားလာတဲ့အခါကျရင် ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ အပလီကေးရှင်းကို လုံခြုံရေးအခြေအနေအရ အဖျက်အသွင်း လုပ်နေရတာမျိုးတွေ ရှိနေတယ်လို့ ပြောပါတယ်။

ပြည်တွင်းက NUG Pay ကိုယ်စားလှယ်တွေအနေနဲ့လည်း ငွေသွင်းငွေထုတ်လုပ်ဖို့ MOPFI က ချပေးတဲ့ အတည်ပြုကုဒ်ကို စောင့်ဆိုင်းရပြီး လူအင်အားနည်းနည်းနဲ့ လုပ်နေရတာလည်း ဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိနေတာဖြစ်တယ်လို့ NUG Pay ကိုယ်စားလှယ်တယောက်က ဆိုပါတယ်။

NUG Pay ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ Pilot Project ကာလအဖြစ် စတင်မိတ်ဆက်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့မှာ Pilot Project ကာလ ရပ်နားကာ Commercial Launch အဖြစ် သတ်မှတ်ခဲ့ပြီး သုံးစွဲသူတွေ အဆင်ပြေဖို့အတွက် NUG Pay ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း လမ်းညွှန်ချက်တွေကို ဖော်ပြပေးထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013