DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် မွတ်စလင် အမျိုးသား ၂ ဦးကို စစ်တပ်ကဖမ်းဆီး
DVB
·
November 1, 2022
စစ်တွေတွင် မွတ်စလင် အမျိုးသား ၂ ဦးကို စစ်တပ်ကဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၃၁ ရက် ညက မွတ်စလင်အမျိုးသား ၂ ယောက်ကို တရားမဝင် ဝင်ရောက်လာတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချမ်းကုန်းရွာမှာ  အောက်တိုဘာ ၃၁ ရက် ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက အသက် ၃၇ နှစ်အရွယ် ကိုမာမောက်ဟူဆောန်နဲ့ ဗေဒါကျေးရွာက အိမ်လည်လာတဲ့ အသက် ၃၃ နှစ်အရွယ် ကိုခေါ်ရီမုလ္လာတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာလို့  ချင်းကုန်းကျေးရွာခံတယောက်ကဒီဗွီဘီကို ပြောပါတယ်။

ကိုခေါ်ရီမုလ္လာဟာ ဇနီးဖြစ်သူနဲ့အတူ ချင်းကုန်းရွာက ကိုမာမောက်ဟူဆောန် ထမင်းစားဖိတ်ကြားလို့ သွားရောက်တဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ် ၂ စီးနဲ့ လက်ကိုင်ဖုန်း ၄ လုံးကိုပါ သိမ်းဆည်းသွားကြတယ်လို့ ဆိုပါတယ်။

“သူတို့ ၂ ယောက်ကို ပလ္လင်ပြင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ခမရ ၃၅၄ တပ်ရင်းက စစ်(...)တွေက ကားတစီးနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီဘုန်းကြီးကျောင်းကနေ တဆင့် ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။”လို့ ဒေသခံက ပြောပါတယ်။

စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက် ညနေပိုင်းကလည်း ဆိတ်ကျောင်းနေတဲ့ မယ်ဇလီကုန်းကျေးရွာက အသက် ၁၅ နှစ်အရွယ် မွတ်စလင်လူငယ်တ​ယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013