DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် ကျောက်ကြမ်းပိုး စျေးကောင်းရသဖြင့် ရှာဖွေသူများပြား
DVB
·
November 1, 2022
ပူတာအိုတွင် ကျောက်ကြမ်းပိုး စျေးကောင်းရသဖြင့် ရှာဖွေသူများပြား
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ကျောက်ကြမ်းပိုးတွေ စျေးကောင်းရလို့ အောက်တိုဘာကုန်ပိုင်းကစပြီး  ကျောက်ကြမ်းပိုး (ဂျပိုး) ရှာဖွေသူ များပြားလာတယ်လို့   ဒေသခံတွေထံက သိရပါတယ်။ 

ကျောက်ကြမ်းပိုး ကိုယ်တိုင်ရှာနေသူတ‌ယောက်က“ဒီရက်ပိုင်းတော့ မူလာရှီးဒီကြိုးတံတားဝန်းကျင်မှာ ပွဲတော်လိုပဲ၊ လူရာချီ ကျောက်ကြမ်းပိုးရှာသူတွေ အရမ်းများတယ်။ ညနေပိုင်း နေဝင်ခါနီးအချိန်မှာ ကျောက်ကြမ်းပိုးက ပျံတဲ့အချိန် ဖမ်းကြတာပါ။ ညပိုင်းဆို ကျောက်ခဲတွေလှန်ပြီး ရှာရတယ်။ ပူတာအိုမှာတော့ နို့ဆီဘူးတခွက်ကို ဒီရက်ပိုင်း ၁၂,၀၀၀ ကျပ်ထိပေးတယ်။”

ပူတာအိုမှာ ကျောက်ကြမ်းပိုးတွေကို ဆောင်းရာသီဝင်ခါစ အောက်တိုဘာ လကုန်ပိုင်းကစတင်ပြီး ဒေသခံတွေက မြစ်ချောင်းနံဘေးတွေမှာ ရှာဖွေနေရတာဖြစ်တယ်လို့ ပူတာအိုမြို့နယ် ဆန်ဂေါင်ရွာခံတယောက်က ပြောပါတယ်။

“အခုနှစ်တော့ ၂ ပတ်လောက်ရှိပြီ ကျောက်ကြမ်းပိုးရှာနေကြတာ။ မြို့နဲ့နီးတဲ့နေရာ မူလာရှီးဒီတလျှောက်မှာ ရှာကြတယ်။ ပူတာအိုမှာတော့ မူလာချောင်းနဲ့ မလိခမြစ် နံဘေးတွေမှာ ရှာကြတယ်။ ညပိုင်း ကျောက်ကြမ်းပိုးရှာသူတွေက မူလာချောင်းရဲ့ ချောင်းဦးတကျောမှာ တဲတွေချပြီး ရှာကြတယ်။ ဆောင်းရာသီအစမှာ ခုလို ကျောက်ကြမ်းပိုးပေါ်တာက ပူတာအိုဒေသခံတွေအတွက် မိသားစုဝင်ငွေအနေနဲ့ တဖက်တလမ်းကရတော့ အဆင်ပြေတယ်။”

ပူတာအိုခရိုင်ထဲက နောင်မွန်မြို့နယ်မှာလည်း ကဆန်ချောင်းနဲ့ ရနမ်ချောင်းတို့မှာ ကျောက်ကြမ်းပိုးရှာသူတွေ များနေပြီး မိသားစုလိုက် ညအိပ်ရှာဖွေသူတွေရှိသလို ကျောက်ကြမ်းပိုးနို့ဆီတဘူးကို ၁၅,၀၀၀ ကျပ်ထိပေးတယ်လို့ နောင်မွန်ဒေသခံတ‌ေယာက်ကလည်း ပြောပါတယ်။

ပူတာအိုမှာ ကျောက်ကြမ်းပိုးအပြင် ရာသီလိုက်ထွက်ပေါ်တဲ့ ဆေးမြစ်ရှီးပတီး၊ ဆေးမြစ်ဘေချီ၊ ‌ရှားကောပါးကော၊ မြေသစ်ခွ စတဲ့ သဘာဝဆေးမြစ်တွေ ရှာဖွေပြီး ပူတာအိုဒေသခံ ပြည်သူတွေ မိသားစုဝင်ငွေကို ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။

ပူတာအိုမှာ အခုနှစ် ကျောက်ဂျပိုးစျေးကွက်အနေနဲ့ နို့ဆီတဘူးကို ၁၀,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်ကြား အရောင်းအဝယ် ပြုလုပ်နေကြပြီး ၂၀၂၁ ခုနှစ်မှာ ကျောက်ကြမ်းပိုး နို့ဆီတဘူးကို ၈,၀၀၀ ကျပ်သာ ရှိခဲ့‌‌ပေမဲ့ အခုနှစ်တော့ မနှစ်ကထက် ကျောက်ကြမ်းပိုးစျေး မြင့်တက်နေတယ်လို့ သိရပါတယ်။

ကျောက်ကြမ်းပိုး‌‌ဈေးကွက်အနေနဲ့  ၁ ပိသာကို ၁၉၀,၀၀၀ ကျပ်ဟာ ပုံမှန်ဈေးဖြစ်နေပြီး တရုတ်ပြည်က အဓိကဝယ်ယူနေတာ ဖြစ်ပါတယ်။

ကျောက်ကြမ်းပိုးကောင်ရဲ့ အဆိပ်ရည်ကို ဆေးဖော်စပ်တဲ့နေရာမှာ သုံးနေသလို ‌အကောင်လိုက် ဆေးစိမ်တဲ့နေရာမှာလည်း အသုံးပြုတာဖြစ်ပြီး ကင်ဆာကာကွယ်ဆေးအဖြစ်လည်း သုံးနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013