DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ရငွေနှင့် အခြားဝင်ငွေ အထောက်အထားပြနိုင်မှ သွင်းကုန်တင်သွင်း ခွင့်ပြုမည်
DVB
·
November 1, 2022
ပို့ကုန်ရငွေနှင့် အခြားဝင်ငွေ အထောက်အထားပြနိုင်မှ သွင်းကုန်တင်သွင်း ခွင့်ပြုမည်
Donate to DVB

နိုင်ငံတကာငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့  (FATF)ရဲ့ အစီရင်ခံစာအပေါ် လိုက်နာ အကောင်အထည်ဖော်မှု ပိုအားကောင်းစေဖို့ နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ပစ္စည်းတွေ တင်သွင်းမှုကို ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ‌ကြေညာပါတယ်။ 

အဲဒီလို ဆောင်ရွက်ရာမှာ သွင်းကုန်ပစ္စည်းတွေတင်သွင်းမှုအတွက် တဖက်နိုင်ငံကို ပို့ကုန်တင်ပို့မှုက ရရှိတဲ့ ဝင်ငွေနဲ့ တဖက်နိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လစာနဲ့ လုပ်ခ လွှဲပို့ငွေ အပါအဝင် တခြား ဝင်ငွေတွေကို အသုံးပြု တင်သွင်းခွင့်ပြုမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သွင်းကုန် တင်သွင်းသူတွေ အနေနဲ့ အဆိုပါ ရငွေတွေကို အသုံးပြုပြီး သက်ဆိုင်ရာ ဘဏ်တွေက တဆင့် သွင်းကုန်အတွက် ငွေပေးချေမှုတွေကို ပြုလုပ်ရမယ်လို့ ဆိုပါတယ်။ 

ပို့ကုန်ကရရှိတဲ့ဝင်ငွေ ဒါမှမဟုတ် တခြားဝင်ငွေ ဝင်ရောက်မှုတွေကို အခြေခံပြီး သွင်းကုန်တင်သွင်းခွင့်ပြုမယ့် ဒီအစီအစဥ်ကို ကနဦးအနေနဲ့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ စတင်ကျင့်သုံး ဆောင်ရွက်သွားမှာပြီး၂၀၂၂ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ စတင်မယ်လို့ ဆိုပါတယ်။

သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ ကုမ္ပဏီတွေအနေနဲ့ မိမိရဲ့ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိတဲ့ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေဝင်ရောက်ကြောင်း သက်ဆိုင်ရာဘဏ်က ထုတ်ပေးတဲ့ အထောက်အထား(Credit Advice)နဲ့ ဘဏ် ငွေစာရင်းရှင်းတမ်း (Bank Statement)မူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီးဌာနကို လျှောက်ထားရမယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနသည် သွင်းကုန်တင်သွင်းလိုတဲ့ ကုမ္ပဏီက တင်ပြလာတဲ့ ပို့ကုန်ဝင်ငွေ ဒါမှမဟုတ် တခြားဝင်ငွေဝင်ရောက်မှုပမာဏကို စိစစ်ပြီး ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက်မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြု ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

သွင်းကုန်လိုင်စင်လျှောက်ထားဖို့ မလိုတဲ့ ကုန်စည်တင်သွင်းမှုတွေအတွက် သွင်းကုန်ကြေညာလွှာ(Import. Declaration-ID)ဖွင့်လှစ်ရာမှ ပို့ကုန်ဝင်ငွေ (သို့မဟုတ်) တခြားဝင်ငွေ ဝင်ရောက်မှုကို သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးတဲ့ အထောက်အထား (Credit Advice)နဲ့ ဘဏ်ငွေစာရင်းရှင်းတမ်း မူရင်းတို့ကိုပူးတွဲကာ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြလျှောက်ထားရမယ်လို့ ဆိုပါတယ်။

အဲဒီစနစ်သစ်မှာ အရင်လျှောက်ထားပြီး ဖြစ်တဲ့ သွင်းကုန်လိုင်စင်တွေ အကျုံးဝင်မှာ မဟုတ်ဘဲ။ နိုဝင်ဘာ ၁ ရက်မတိုင်ခင် ထုတ်ပေးပြီးဖြစ်တဲ့ သွင်းကုန်လိုင်စင်တွေနဲ့ ကုန်ပစ္စည်းတင်သွင်းမှုကိုနိုဝင်ဘာ ၃၀ ရက်နေ့မတိုင်မီ ပြီးပြတ်အောင် တင်သွင်းရမယ်လို့ ဆိုပါတယ်။

အဲဒီသတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်း မရှိပါက သွင်းကုန်လိုင်စင် ပျက်ပြယ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီစနစ်နဲ့ သွင်းကုန်တင်သွင်းခွင့်ပြုရာမှာ ပို့ကုန်ဝင်ငွေနဲ့ အခြားဝင်ငွေဝင်ရောက်မှုတွေနဲ့ ပက်သက်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁ရက်နေ့ နောက်ပိုင်း ဝင်ရောက်တဲ့ ဝင်ငွေကိုသာ အသုံးပြု ဆောင်ရွက်ခွင့်ပြုမယ်လို့လည်း ပါရှိပါတယ်၊

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီက ရရှိတဲ့ ပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းခြင်းဖြစ်စေ၊ တခြားကုမ္ပဏီ တစ်ခုကို လွဲပြောင်းပေးပြီး သွင်းကုန်တင်သွင်းခြင်းကို ဖြစ်စေ ဆောင်ရွက်နိုင်မယ်လို့ ဆိုထားပြီးအဆိုပါပို့ကုန်တင်သွင်းမူက ရရှိတဲ့ဝင်ငွေကို အသုံးပြုပြီး သွင်းကုန်တင်သွင်းရာမှာ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုခုကနေ တခြားတစ်ခုထံကို ပြောင်းလွဲသုံးစွဲနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013