DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခမရ ၃၄၀ မှ တပ်သား ၂ ဦး ကေအန်ယူထံ အလင်းဝင်
DVB
·
November 1, 2022
ဖာပွန်ခမရ ၃၄၀ မှ တပ်သား ၂ ဦး ကေအန်ယူထံ အလင်းဝင်
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ခြေစိုက် ခမရ-၃၄၀ က စစ်ကောင်စီ တပ်သား နှစ်ယောက် ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

တပ်သား အောင်အောင်နဲ့ အောင်မင်းထင်တို့ဟာ အောက်တိုဘာ ၁၈ ရက်က ကေအန်ယူ တပ်မဟာ ၅ ဆီ လာရောက် ပူးပေါင်းလာတာဖြစ်ပြီး သူတို့နဲ့အတူ  MA-3  သေနတ်တလက်   MA-1 သေနတ်တလက် ကျည် အထောင့် ၆၀၀ ကျော်ကို ယူဆောင်လာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်မှာတာဝန်ကျတဲ့ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်၊ ဗိုလ်မှူး အဆင့်အရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ မတရား ပြုမူဆက်ဆံမှုနဲ့ ပြည်သူတွေဆီကနေ အတင်းအဓမ္မ အာဏာ ရယူခဲ့ တဲ့ပေါ် မခံနိုင်တော့တာကြောင့် ကေအန်ယူဆီ ပူးပေါင်းလာတာလို့ ဆိုပါတယ်။

အလင်းဝင်လာသူနှစ်ယောက်ကို ကေအန်ယူက  တယောက် ကျပ်သိန်း ၂၀ စီ ချီးမြှင့်ငွေ ပေးအပ် ခဲ့ပြီး လုံခြုံတဲ့နေရာဆီကို  ပို့ဆောင်ပေးထားပါတယ်။

တပ်သား အောင်အောင်နဲ့ အောင်မင်းထိန်တို့ဟာ အရပ်သားပြည်သူအနေနဲ့ ဆက်လက်ရပ်တည်ဖို့ ဆန္ဒရှိပြီး CDM အဖွဲ့မှာ ပါဝင်လုပ်ဆောင်ဖို့ ဆန္ဒရှိတဲ့အတွက် သူတို့ရဲ့ ဆန္ဒအတိုင်း လုံခြုံတဲ့နေရာဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ကေအန်ယူ မူတြော်ခရိုင်သတင်းက ထုတ်ပြန်ထားပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013