DVB Logo
Home
မြန်မာသတင်း
မောင်တော သာစည်ကျေးရွာတွင် သက်ကြီးအမျိုးသား ၆ ဦး ဖမ်းဆီးခံရ
DVB
·
October 29, 2022
မောင်တော သာစည်ကျေးရွာတွင် သက်ကြီးအမျိုးသား ၆ ဦး ဖမ်းဆီးခံရ
Donate to DVB

ရခိုင်ပြည်နယ် မောင်တော ၃ မိုင် သာစည်ကျေးရွာမှ သက်ကြီးပိုင်း အမျိုးသား ၆ ယောက်ကို အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၄၀ လောက်က  လာရောက် ဖမ်းဆီးသွားတယ်လို့ သာစည်ကျေးရွာ ဒေသခံတွေက ပြောပါတယ်။

၃ မိုင်သာစည်ကျေးရွာသား တဦးက "ဖမ်းဆီးခံရတာက အသက်အကြီးပိုင်းတွေပါ။ သူတို့က ရွာက ဇရပ်မှာ အမြဲထိုင်ပြီး အနားယူနေကျပါ။ ဒီနေ့ နခခ ၅က နယ်ခြားစောင့်နဲ့ စစ်ကားတွေ ရောက်လာပြီး သူတို့ ၆ ယောက်ကို ဖမ်းသွားတာ"လို့ ပြောပါတယ်။

အဖမ်းခံရသူတွေကတော့ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးထွန်းအောင်ကျော်(၆၅နှစ်)၊ ရဲအငြိမ်းစား ဦးအေးစိန်(၈၀နှစ်)၊ ရပ်ကျေးထွေ/အုပ်စာရေး ဦးမောင်လှစိန် (၆၀နှစ်)၊  ဦးကျော်စိုးမိုး (၅၀နှစ်)၊ ဦးမောင်သာနု (၆၀နှစ်) နဲ့ ခရိုင်ထွေ/အုပ်စာရေးကြီး ဦးကျန်ဝင်း (၅၀နှစ်) တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၃ မိုင် သာစည်ကျေးရွာက ဇရပ်မှာ ဖမ်းခံရသူတွေဟာ နေစဥ်ထိုင်နေကျဖြစ်ပြီး ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ မောင်တောမြို့ မြို့သူကြီးရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၅) တပ်ရင်းမှာ အခြေချတဲ့ စကခ (၁၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းတွေအပါအဝင် ပူးပေါင်းအင်အား ၄၀ လောက်က အရပ်ဝတ်တွေ ဝတ်ဆင်ကာ မှန်လုံကား ၄ စီးနဲ့  လာရောက်ပြီး ဖမ်းသွားတယ်လို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူလူကြီး ၆ ယောက်ကို နခခ (၅)မှာ စစ်ဆေးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013