DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် လက်နက်ကြီး ထိမှန် ကျဆုံးသွားသည့် ရဲဘော်​၏ ဈာပနလုပ်
DVB
·
October 29, 2022
ဒီးမော့ဆိုတွင် လက်နက်ကြီး ထိမှန် ကျဆုံးသွားသည့် ရဲဘော်​၏ ဈာပနလုပ်
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ လက်နက်ကြီး ထိမှန်ပြီး ကျဆုံးသွားတဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO-PDF တပ်ရင်း D မှ ရဲဘော် ဦးသွယ်မိုးကို အောက်တိုဘာ ၂၉ ရက်က ကက်သလစ်ထုံးတမ်းစဉ်လာနဲ့အညီ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ DMO-PDF က ထုတ်ပြန်ပါတယ်။

ဦးသွယ်မိုးဟာ အောက်တိုဘာ ၂၇ ရက်က ဒီးမော့ဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်နေစဉ် စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ကျဆုံးခဲ့တာဖြစ်ပြီး ဦးသွယ်မိုးနဲ့ အတူ တပ်ရင်း C မှ ရဲဘော်တယောက် ဒဏ်ရာပြင်းထန်ရရှိပြီး ရဲဘော် ၄ ယောက် အသေးစား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ဦးသွယ်မိုးကို ဖယ်ဒရယ်ဒီမိုကရေစီ သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုသွားမယ်လို့ DMO - PDF က ပြောထားပါတယ်။

အောက်တိုဘာ ၂၀ ကလည်း နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး DMO -PDF တပ်ရင်း G မှ ရဲဘော်တယောက် ခြေနှစ်ဘက်ပြတ် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013