DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာစစ်ဘေးရှောင် ဓာတ်ပုံပြပွဲကျင်းပနေ
DVB
·
October 28, 2022
ဘန်ကောက်တွင် မြန်မာစစ်ဘေးရှောင် ဓာတ်ပုံပြပွဲကျင်းပနေ
1 / 6
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲတွေပြင်းထန်နေပြီး တိုင်းရင်းသား ပြည်သူတွေ စစ်ပြေးရှောင်နေရတာနဲ့ပတ်သက်တဲ့ ဓာတ်ပုံပြပွဲတခုကို ထိုင်းနိုင်ငံ ဘန်ကောက် အနုပညာနဲ့ ယဉ်ကျေးမှုဗဟိုဌာနမှာ ကျင်းပနေပါတယ်။

မြန်မာမှ ထိုင်းသို့ အဆုံးမရှိထွက်ပြေးခြင်းလို့ အဓိပ္ပါယ်ရတဲ့ “Endless Escape: Fleeing Myanmar to Thailand” အမည်ရှိ အဆိုပါဓာတ်ပုံပြပွဲကို SEA Junction အဖွဲ့နဲ့ အာရှဒီမိုကရေစီကွန်ရက်အဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၂ အောက်တိုဘာ ၄ ရက်မှ နိုဝင်ဘာ ၆ ရက်နေ့ထိ ကျင်းပနေတာပါ။

အဆိုပါဓာတ်ပုံပြပွဲမှာ မြန်မာဓာတ်ပုံဆရာ အောင်နိုင်စိုး၊ ရန်နိုင်အောင်၊ ဇင်ကိုကိုတို့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ‌နဲ့ Latthapon Jirapomsakul, Rosalia Sciortino, Visual Rebellion စတဲ့ နိုင်ငံခြားသားဓာတ်ပုံဆရာတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြသထားပါတယ်။

အဆိုပါဓာတ်ပုံတွေထဲမှာ မြန်မာပြည်က တိုက်ပွဲတွေ၊  စစ်ကောင်စီတပ်က လေယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် တိုင်းရင်းသားပြည်သူတွေဟာ ကီလိုမီတာ ၁,၅၀၀ ကျော်ရှည်လျားတဲ့ ထိုင်း-မြန်မာနယ်စပ်ဧရိယာတွေမှာ ထွက်ပြေးပုန်းရှောင်နေရတဲ့ပုံတွေ၊ လွန်ခဲ့တဲ့ ၁၉၈၄ ခုနှစ် ကတည်းက တည်ရှိခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လ စစ်ရှောင်စခန်းက ပုံဟောင်းတွေပါ အမှတ်ရစေဖို့ ပြန်လည်ပြသထားပါတယ်။

ဘန်ကောက်မှာရောက်ရှိနေသူတွေအနေနဲ့ အဆိုပါပြပွဲကို ပထုမ်ဝမ်းနယ်မြေ ဝမ်းမိုင်လမ်း ရာမ ၉၃၉ ရှိ Bangkok Art and Culture Centre (BACC) ခန်းမ ၄ လွှာမှာ သွားရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013