DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်တွင်ခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို UNHCR အပြည့်အဝ မကူညီနိုင်
DVB
·
October 28, 2022
ထိုင်းနယ်စပ်တွင်ခိုလှုံနေသည့်  မြန်မာနိုင်ငံသားများကို UNHCR အပြည့်အဝ မကူညီနိုင်
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေနဲ့ မတရားဖမ်းဆီးမှုတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံသားတွေက အိမ်နီးချင်း ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာ အထောက်အထားမဲ့ ခိုလှုံနေကြရပါတယ်။

လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာတွေ ပိုများပြားလာပြီး ဒုက္ခသည်တွေအနေနဲ့ အဲဒီလို အဖမ်းခံရတဲ့အခါ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး  UNHCR ကို ဆက်သွယ် အကူအညီတောင်းခံပေမဲ့ အကူအညီပေးတာမျိုးတွေ မရှိသလောက် ဖြစ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရသူတယောက်က ပြောပါတယ်။

ဒါကြောင့် အဲဒီလို ဖမ်းဆီးခံရတဲ့အခါမျိုးတွေမှာ ပြန်လည်လွှတ်ပေးဖို့အတွက် တယောက်ကို ထိုင်းဘတ်ငွေ ၄,၀၀၀ ကနေ ၁၅၀၀၀ ခွဲအထိ ထိုင်းရဲတွေကို ပေးဆောင်ပြီးမှ ပြန်လည်လွှတ်ပေးတာရှိတယ်လို့ ငွေကြေးပေးဆောင်ခဲ့ရသူတယောက်က ဆိုပါတယ်။

အထောက်အထားမဲ့ ဒုက္ခသည်တွေ ဖမ်းဆီးခံခဲ့ရတာမျိုးရှိရင် UNHCR က အရေးပေါ်ဆက်သွယ်ဖို့ ပေးအပ်ထားတဲ့ တယ်လီဖုန်းနံပါတ်တွေကလည်း လက်ခံဖြေကြားတာ မရှိဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲမှာ လူဦးရေ ၉၆,၀၀၀ ကျော်ရှိတယ်လို့ UNHCR Thailand က တရားဝင်ထုတ်ပြန် ကြေညာထားပေမဲ့ မြေပြင်မှာတော့ ဒီထက်မက ပိုရှိနိုင်တယ်လို့ နယ်စပ်ဒေသမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်အသိုင်းအဝိုင်းက ဆိုပါတယ်။

စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းလောက်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့နယ်၊ သေဘောဘိုးကျေးရွာကနေ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံအတွင်းကို စစ်ဘေးရှောင်ခိုလှုံ ရောက်ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေ၊  ဆရာဆရာမတွေ၊ အမျိုးသမီးနဲ့ ကလေးငယ် ၃၀၀ ဦးကို ထိုင်းစစ်တပ်နဲ့တာဝန်ရှိသူတွေက အတင်းအကျပ်နေရပ်ပြန်ခိုင်းခဲ့ပါတယ်။

အလားတူ မလေးရှားနိုင်ငံကလာ်း မြန်မာရေတပ်က အရာရှိဟောင်းတွေအပါအဝင် ခိုလှုံခွင့် တောင်းခံထားတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကို အတင်းအကျပ် နေရပ်ပြန်ပို့ခဲ့လို့ လေဆိပ်အဝင်မှာ ဖမ်းဆီးခံရသူတချို့ ရှိခဲ့ပါတယ်။ 

အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် ဖိအားပေးပြီး နေရပ်ပြန်ပို့တာတွေ မပြုလုပ်ဖို့ UNHCR က အရေးပေါ် ပန်ကြားထားပါတယ်။

ခိုလှုံခွင့်တောင်းခံထားသူများကို အတင်းအကျပ် ပြန်လည်ပို့ဆောင်တာဟာ နိုင်ငံတကာ နည်းဥပဒေကို ချိုးဖောက်ရာရောက်ပြီး ပြန်ပို့ခံရတဲ့သူတွေအတွက်လည်း အန္တရာယ်ရှိစေတယ်လို့ UNHCR ရဲ့ ပြန်ကြားရေးတာဝန်ခံ ရှားဘီးယားမန်တူးက  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013