DVB Logo
Home
မြန်မာသတင်း
ပြည်ပထွက်မည့် မြန်မာနိုင်ငံသားများ အမေရိကန်ဒေါ်လာ ၅၀၀ အထိ ၀ယ်ယူနိုင်
DVB
·
November 4, 2026
Photo : DVB
Photo : DVB
Donate to DVB

ပြည်ပထွက်ခွာမဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားငွေ အလွယ်တကူ ဝယ်ယူနိုင်ဖို့နဲ့ တရားမဝင် ငွေလဲလှယ်သူတွေရဲ့ ဈေးကစားမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ရန်ကုန်လေဆိပ်နဲ့ AD လိုင်စင်ရ ဘဏ် Money Changer ကောင်တာတွေမှာ နိုင်ငံခြားငွေကို ရောင်းချပေးနေကြောင်း စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ ပြည်ပကို အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့နဲ့ ဘုရားဖူး သွားရောက်မယ်ဆိုရင် ထွက်ခွာမဲ့သူတွေအပြင် ပြည်ပနိုင်ငံအစိုးရ သို့မဟုတ် အသင်းအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ဖို့ သွားရောက်မဲ့သူတွေကို နိုင်ငံခြားငွေ ရောင်း ချပေးမယ်လို့ ဆိုပါတယ်။

တယောက်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၅၀၀ လောက်အထိ ဒါမှမဟုတ် တခြားနိုင်ငံခြားငွေ ကို ဝယ်ယူနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရောင်းချမဲ့ ငွေလဲနှုန်းမှာ အမေရိကန် ၁ ဒေါ်လာကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နေ့စဉ် ထုတ်ပြန်တဲ့ FX Market Online Trading Rate အပေါ် ၁၀ ကျပ် ထပ်ဆောင်းထားတဲ့ နှုန်းထား ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ပြည်ပကို သွားရောက် အလုပ်လုပ်မဲ့သူတွေအတွက် လေယာဉ်လက်မှတ် ကုန်ကျစရိတ်ကိုလည်း FX Online Trading စနစ်ကတဆင့် ဝယ်ယူနိုင်ဖို့ ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အသေးသုံးနိုင်ငံခြားငွေ ဝယ်ယူနိုင်မဲ့ AD လိုင်စင်ရဘဏ်တွေနဲ့ Money Changer လိုင်စင်ရ ကုမ္ပဏီ တွေရဲ့ ကောင်တာစာရင်းနဲ့ အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာဘဏ်နဲ့ ကုမ္ပဏီတွေရဲ့ ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာငွေဈေး ကျဆင်းနေပြီး တရုတ်ယွမ် ၁၀၀ ကို ၇၂,၀၀၀ ကျပ်၊ ထိုင်းဘတ်နဲ့ လဲရင် မြန်မာငွေ ၁၀၀,၀၀၀ ကို ၆၉၀ ဘတ် ပေါက်ဈေးရှိပြီး အမေရိကန်ဒေါ်လာ ပြင်ပ‌ပေါက်ဈေးက ၁ ဒေါ်လာကို ရောင်းဈေး ၄,၈၄၀ ကျပ် ဖြစ်ပြီး ဝယ်ဈေးက ၄,၇၄၀ ကျပ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013