DVB Logo
Home
မြန်မာသတင်း
မိုးမောက်တွင် ရွာထဲ လက်နက်ကြီးကျသဖြင့် ရွာသားထောင်ချီထွက်ပြေး၊ စားနပ်ရိက္ခာအရေးပေါ် လိုအပ်
DVB
·
October 26, 2022
မိုးမောက်တွင် ရွာထဲ လက်နက်ကြီးကျသဖြင့် ရွာသားထောင်ချီထွက်ပြေး၊ စားနပ်ရိက္ခာအရေးပေါ် လိုအပ်
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ၃၊ ၄ ရက်ကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်တပ်က လေယာဉ်နဲ့ တိုက်ခိုက်တာကြောင့် ဒေသခံရွာသား ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ 

တိုက်ပွဲတွေဟာ လုံဂျာတောင်၊ ဝဝမ်တောင် တောစပ်တို့မှာ ဖြစ်ပွားတာဖြစ်ပြီး  လယ်ကွင်းတွေနဲ့နီးသလို ရွာနဲ့လည်းနီးတာကြောင့် ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နောင်ပေါင်းရွာထဲကို လက်နက်ကြီးကျည် ၄ လုံးကျလာခဲ့ပြီး လူနဲ့နေအိမ် ထိခိုက်ပျက်စီးတာမရှိပေမဲ့ ထိတ်လန့်ကြောက်ရွံ့လို့ လုံဂျာ၊ ဝဝမ်၊ နောင်ပေါင်းရွာက ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့  စစ်ဘေးရှောင်တွေကို သွားရောက်ကူညီနေတဲ့ မိုးမောက်ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“လက်နက်ကြီးက ရွာလမ်းပေါ်မှာ ကျလာတာမို့ ထိခိုက်မှုမရှိဘူး၊ ဒါပေမဲ့ ဘယ်သူမှ မနေရဲတော့ဘူး။  မိုးမောက်မြို့ပေါ်ကိုရာနဲ့ချီ  ထွက်ပြေးလာတယ်။ တခြားဘက် ထွက်ပြေးသွားတာတွေလည်း ရှိတယ်။ ဝဝမ်ကတော့ ကချင်ရွာဆိုတော့ သူတို့က အရင်ရှိပြီးသား ကချင်စစ်ဘေးရှောင်စခန်းတွေဘက် သွားနေကြပါတယ်။ လုံဂျာနဲ့ နောင်ပေါင်းက ရှမ်းရွာသားတွေက ဒုက္ခသည်စခန်းမရှိလို့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ သွားနေကြပါတယ် ခင်ဗျ။” 

လောလောဆယ် မိုးမောက်မြို့ လောကမာရဇိန်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင် ၈၀၀ ကျော် ရောက်ရှိနေပြီး  စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။  

ရပ်နီး ရပ်ဝေး စေတနာရှင်တွေအနေနဲ့ မိုးမောက်စစ်ဘေးရှောင်တွေကို ဖုန်းနံပါတ် ၀၉ ၄၀၂ ၆၆၈၈ ၇၆  ကိုဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။ 

လုံဂျာ၊ နောင်ပေါင်း၊ ဝဝမ်ရွာသားတွေဟာ လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး လက်ရှိမှာ စပါးတွေ ဝင်းမှည့်နေလို့ ရိတ်သိမ်းချိန်ရောက်ပေမဲ့ စစ်ဘေးရှောင်နေရတာကြောင့် ပုံမှန်အလုပ်မလုပ်နိုင်ကြောင်း၊ ရေရှည်စစ်ဘေးရှောင်နေရရင် ဝမ်းစာစပါး အခက်အခဲရှိနိုင်တာမို့ တိုက်ပွဲအမြန်ရပ်ပေးဖို့ လိုလားနေကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013