
အာဖရိကတိုက်ဟာ အာရှတိုက်ကို ကျော်ပြီး ပထမဆုံးအကြိမ် ငတ်မွတ်ခေါင်းပါးမှု အများဆုံး တိုက်အဖြစ် ရပ်တည်နေကြောင်း ကုလသမဂ္ဂရဲ့ ဇူလိုင် ၂၁ ရက် အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။
လူဦးရေ တိုးတက်လာတာနဲ့အမျှ အာဖရိကတိုက်ဟာ အာဟာရချို့တဲ့ တဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်နေရတာပါ။
အာဖရိကတိုက်မှာ စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရလုံလောက်ရေးဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တဖြည်းဖြည်း လျော့ကျလာတယ်လို့ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေမှာ ဖော်ပြပေမဲ့ အဲဒီဖြစ်စဉ်က တနိုင်ငံနဲ့ တနိုင်ငံ မတူညီဘူးလို့ ဆိုပါတယ်။
ငတ်မွတ်ခေါင်းပါးမှုတွေဟာ အာရှကနေ အာဖရိကတိုက်ကို ရွှေ့ပြောင်းသွားပါပြီ လို့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့ ဒါရိုက်တာ ဒေးဗစ်လာဘိုဒီက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂၅ နှစ်က တရုတ်နိုင်ငံဟာ အငတ်ဘေးပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ သူတို့ ဖြေရှင်းခဲ့ပါတယ်။ အိန္ဒိယမှာလည်း ဒီလိုပြဿနာတွေ ရှိခဲ့ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။”
ကမ္ဘာ့အငတ်ဘေးပြဿနာကို FAO နဲ့ တခြား ကုလအေဂျင်စီ ၄ ခုတို့က အတူတူ အစီရင်ခံစာ ပြုလုပ်ခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့နှစ်က အာဖရိကမှာ လူဦးရေ ၃၀၉ သန်း အငတ်ဘေးကြုံခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါဟာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အာဖရိကရဲ့ နောက်မှာ အာရှတိုက်က လိုက်နေပြီး လူ ၂၉၂ သန်း အငတ်ဘေးနဲ့ ကြုံတွေ့နေပြီး လူဦးရေရဲ့ ၆ ရာခိုင်နှုန်း ရှိပါတယ်။
ကမ္ဘာပေါ်မှာ ၂၀၂၂ ခုနှစ်က အငတ်ဘေးဆိုက်မှု ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ၇ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ ကုလအေဂျင်စီတွေက ခန့်မှန်းထားပါတယ်။
အာဖရိကတိုက်မှာရှိတဲ့ ၆၆ ဒသမ ၆ ရာခိုင်နှုန်းက ကျန်းမာတဲ့ အစားအသောက်တွေ စားသုံးဖို့ မတတ်နိုင်ကြတာက အာရှနဲ့ယှဉ်မယ်ဆိုရင် ၂ ဆကျော် များနေတာ ဖြစ်ပါတယ်။
Source: Reuters











