DVB Logo
Home
မြန်မာသတင်း
ပေါက်ခေါင်း လျှပ်စစ်ရုံးဗုံးပေါက်ကွဲမှု ပြည်သူ ၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
October 24, 2022
ပေါက်ခေါင်း လျှပ်စစ်ရုံးဗုံးပေါက်ကွဲမှု ပြည်သူ ၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ပြီးခဲ့တဲ့ ၃ ရက်က ပေါက်ခေါင်းမြို့ လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပေါက်ခေါင်းမြို့ရဲ့ နေရာ ၃ နေရာမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီး ပြည်သူ ၅ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ 

“အဖမ်းခံထားရတာ လူငယ်တွေဆိုပေမဲ့ အသက် ၂၀ ကျော်တွေပေါ့။ မနေ့က စစ်ကောင်စီက ပေါက်ခေါင်းမြို့ရဲ့ မြို့လယ်ခေါင် ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့၊ အပါအ၀င် နေရာ ၃ နေရာလောက်က နေ  ညနေပိုင်း ၆ နာရီလောက်ကစပြီး  လမ်းသွားလမ်းလာတွေကို စစ်တာ။ အဲ့ဒီမှာ မသင်္ကာလို့ဆိုပြီး ဖမ်းသွားတုန်းကတော့ လူများတယ်။ အရေအတွက်တော့ သေချာမသိတော့ဘူး။ ရဲစခန်းကျမှ  သူတို့ ၅ ယောက်ရဲ့ ဖုန်းတွေထဲမှာ ဒေါ်အောင်းဆန်းစုကြည်ပုံ ပါနေတော့ ပြန်မလွှတ်တော့ဘူး။ ငွေဖန်ချင်တာလားမသိသေးဘူး။ အရင်တုန်းကလည်း သူတို့ငွေလိုရင် အခုလိုပဲ လူတွေကို အကြောင်းပြပြီးဖမ်း၊ သိန်း သုံးလေးဆယ်ကနေ  တရာလောက်အထိ တောင်းပြီး ပြန်လွှတ်တာတွေလုပ်နေကြလေ။ အခုလည်း အဲ့ဒိလိုပဲ ငွေလိုချင်လို့ ထင်တယ်။” 

အဖမ်းခံရသူ ၅ ယောက်ကို ပေါက်ခေါင်းမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး လတ်တလော အဆက်အသွယ်လုပ်လို့ မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပေါက်ခေါင်းမြို့မ ရဲစခန်းက စခန်းမှူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ပေါက်ခေါင်းမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က EPC ရုံးဗုံးခွဲခံရပြီး လာရောက်စစ်ဆေးတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်မံ ဗုံးခွဲခံခဲ့ရသလို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့ လဝကရုံး နဲ့ စည်ပင်ရုံးတွေကိုလည်း ဒေသခံ PDF အဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013