Home
မေးမြန်းခန်း
ကေအိုင်အို ၆၂ နှစ်ပြည့် အထိမ်းအမှတ်နေ့အကြိုပွဲကို စစ်တပ်က ဗုံးကြဲခြင်းအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ အမြင်သဘောထား
DVB
·
October 24, 2022

ကချင်ပြည်နယ် ဖားကန့်မြို့၊ ကေအိုင်အေ တပ်မဟာ ၉ မှာ  အောက်တိုဘာ ၂၃ ရက် က  ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့် အထိမ်းမှတ်နေ့အကြို ညပိုင်း စတိတ်ရှိုးပွဲ ကျင်းပနေချိန်  စစ်ကောင်စီက လေယာဉ်နဲ့‌ ဗုံးကြဲလို့  ကေအိုင်အို အရာရှိတွေ၊ ကချင်အနုပညာရှင်အပါအ၀င် ပြည်သူအများအပြား သေဆုံးသွားခဲ့ပါတယ်။

ဒီလို ပွဲကျင်းပချိန် စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး  တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့အမြင်သဘောထားကို မေးမြန်းထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်

“ကျနော်တို့ ဒီတိုက်ပွဲကြားထဲမှာတောင်မှာ အပြစ်မဲ့ပြည်သူတွေကို မထိခိုက်အောင် ကျနော်တို့က စစ်ကျင့်ဝတ်တွေရှိတယ်။ အခုဟာက ဒါ ဘာမှတိုက်ပွဲ မဟုတ်ဘဲနဲ့ စတိတ်ရှိုးလုပ်နေတဲ့နေရာမှာ၊ ဖျော်ဖြေနေတဲ့နေရာကို ဗုံးကျဲတိုက်ခိုက်တယ်ဆိုတာကတော့ ကျနော်တို့ ဘယ်လိုပြောမလဲ တော်တော်လေးကို အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ စစ်တပ်တခုရဲ့ ဂျီနီဗာကွန်ဗားရှင်းမှာ လိုက်နာရမယ့် အချက်တွေ ဒါက အကြီးအကျယ် ဖောက်ဖျက်တာပေါ့နော်။ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို၊ ဒါကတော့ ကျနော်တို့အနေနဲ့ လက်ခံနိုင်စရာ အကြောင်းကတော့လုံးဝ မရှိဘူးပေါ့နော်။ အဲဒါကတော့ တတ်နိုင်ရင်တော့ နိုင်ငံတကာကရော နိုင်ငံတကာတရားရုံး criminal court အထိကို ICC ကနေပြီးမှ ဒါကိုတော့ အကြမ်းဖက်စစ်တပ်ကို အရေးယူဆောင်ရွက်နိုင်ဖို့အတွက်ကို ဆောင်ရွက်သင့်တယ်လို့ ကျနော်ကတော့ အဲလိုပဲ မှတ်ချက်ပေးချင်တယ်”

ပဒိုမန်းမန်း (ဓာတ်ပုံ - ကေအိုင်စီ)

ပဒိုမန်းမန်း  (ကရင်အမျိုးသားအစည်းအရုံး တွဲဖက်အတွင်းရေးမှူး ၂ ဟောင်း)

“စစ်ကောင်စီဘက်ကတော့ လူမဆန်စွာ လုပ်ခဲ့ပေါင်းများတော့ဘာမှ ပြောစရာမရှိဘူး။ ကျနော်တို့က အမြဲသတိနဲ့ရှိဖို့တောလိုတယ်ပေါ့နော်။ ပွဲလမ်းသဘင်ပဲလုပ်လုပ်၊ ဘယ်လိုအခင်းအကျင်းပဲ လုပ်လုပ် စစ်ကောင်စီရဲ ယုတ်မာမှုကတော့ နေရာနဲ့အချိန်ရှိနေသ၍ လူထုနဲ့ ဆောင်ရွက်လှုပ်ရှားရမယ့်အရာဖြစ်ပါတယ်ပေါ့နော်။ စစ်ကောင်စီကတော့ ဒီလောက် ကြမ်းတမ်း ယုတ်မာတဲ့လုပ်ရပ်တွေက  သူတို့ရဲ့ အမြဲတမ်းလုပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါပေါ်မှာ ထပ်ပြီးတော့ ထူးထူးခြားခြား မှတ်ချက်ပေးစရာမရှိပါဘူး။ အဓိကကတော့ အခုနက ပြောသလိုကျနော်တို့ တော်လှန်ရေးဘက်တော့ အမြဲတမ်း သတိရှိဖို့ပဲ လိုပါတယ်ပေါ့နော်။”

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း

“ကျနော့်အမြင်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူထုပါဝင်တဲ့ပွဲတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာကတော့ ဒါကတော့ နိုင်ငံတကာ ကျင့်ဝတ်တွေကိုလည်း ချိုးဖောက်ရာရောက်ပါတယ်။ နောက်တခုကတော့ စစ်ကောင်စီအနေနဲ့ကတော့ ကျန်တဲ့ ကေအိုင်အိုလို့ အစဉ်အလာကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး‌ဆွေးနွေးဖြေရှင်းရေးဆိုတဲ့ လမ်းကြောင်းတွေမှာ မရှိဘဲနဲ့ ဒီအပြတ်အသတ် အတင်းဖိနှိပ်အနိုင်ကျင့်ရေးကိုပဲ သွားတဲ့လမ်းကြောင်းလိုပဲဖြစ်တဲ့အခါကျတော့ ကျနော့်အမြင်ပြောရရင်ကျနော်တို့ တိုင်းပြည်ကို ဒီလို နိုင်ငံရေးဆွေးနွေးမှုတွေ ညှိနှိုင်းမှုတွေ ငြိမ်ငြိမ်းချမ်းချမ်း နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ သဘောထားကတော့ စစ်ကောင်စီမှာ မရှိဘူးဆိုတာ ပိုပြီးတော့ သက်သေပြနေတာရောက်ပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ ဒီလိုဖြစ်စဉ်တွေကို ဆက်စပ်ပြီးတော့ ဒီနေ့ ကျူးလွန်နေတဲ့ဟာ၊ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်တွေ၊ ပိတ်ဆို့သတဲ့ ပိတ်ဆို့တဲ့အခါမှာ အတင်းထွက်ပေါက်တွေရဖို့ ကြိုးစားနေတာနဲ့ ဒီလိုနည်းလမ်းတွေ မလုပ်သင့်ဘူးဆိုတာတော့ ကျနော်သတိပေး ပြောကြားချင်ပါတယ်။”

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြောခွင့်ရသူ ဗိုလ်ချုပ်ခိုင်စိုးမြ

“အခုလိုပုံစံ သေတယ်ဘာတွေဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တယောက်နဲ့တယောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြတာကတော့ အကောင်းဆုံးပဲ။ အခုလို သေကြေပျက်စီးနေကြတာကတော့ မကောင်းဘူးပေါ့။ တဖက်နဲ့တဖက်ကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအရ အဖြေရှာကြတာက အကောင်းဆုံးပဲလို့။” 

အန်စီအေ အပစ်ရပ်အဖွဲ့တွေရဲ့  နိုင်ငံရေးဦးဆောင်အဖွဲ့  PPST ပြောခွင့် ဗိုလ်မှူးကြီး စောကျော်ညွန့်

“ကျနော်တို့လည်း အဲဒီသတင်းကိုတွေ့ရပါတယ်ပေါ့နော်။ အဲဒီအပေါ်မှာတော့ ဒါ တော်တော်လေးလည်း စိတ်ကောင်းဖြစ်တာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ကေအိုင်အေ ဆိုတာကလည်း အန်စီအေ သဘောတူစာချုပ်ကို လက်မှတ်မထိုးသေးပေမယ့် အန်စီအေ စတင်ရေးဆွဲတဲ့အချိန်တုန်းကတော့ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုလည်းဖြစ်သလို ကျနော်တို့ အန်စီအေ ရေးဆွဲစဉ်ကာလဆိုရင်လည်းပဲ ကေအိုင်အေ ဌာနချုပ် လိုင်ဇာတို့၊ မိုင်ဂျာယန်တို့မှာ တိုင်းရင်းသားညီလာခံတွေ ခဏခဏ လုပ်ခဲ့တဲ့နေရာတွေလည်းဖြစ်တယ်ပေါ့လေ။ အခုလိုမျိုး အန်စီအေကို စတင်ရေးဆွဲတဲ့အချိန်တုန်းကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာကိုတော့ အန်စီအေ အတည်ပြု မူကြမ်းရတဲ့အထိ ပါဝင်ဆောင်ရွက်မှုတွေရတယ်။ commitment တွေမှာ ပါဝင်ရေးထိုးတဲ့အချိန်အထိလည်း ပါဝင်နေတဲ့ အဖွဲ့အစည်းတခုလည်းဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် အန်စီအေ ထဲမှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘူးပေါ့လေ။ သို့သော်လည်းပဲ ကျနော်တို့အနေနဲ့ ဒီလိုမျိုးအန်စီအေ အကောင်အထည်ဖော်မှုကာလမှာ တိုက်ရိုက်မဟုတ်သည့်တိုင်အောင်တောင်မှ ကျနော်တို့ အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အနာဂါတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆော်ကဖို့ လိုအပ်တဲ့ အခြေခံမူတွေကိုလည်း ကျနော်တို့ ညှိနှိုင်းဆောင်ရွက်မှုတွေလည်း တောက်လျှောက်လုပ်လာခဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်တယ်ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်ဒီအချိန် ကျနော်တို့ နိုင်ငံရဲ အခက်အခဲ အကြပ်အတည်းကာလမှာ ကျနော်တို့ ကြိုးပမ်းနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အခင်းအကျင်း ဖြစ်မြောက်ဖို့ ကျနော်တို့ ကြိုးပမ်းနေစဉ်ကာလမှာပဲ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး အစကတည်းက ပါဝင်ဆောင်ရွက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တခုအပေါ်မှာ အဲလိုမျိုးဖြစ်သွားတာကိုတော့ကျနော်တို့အနေနဲ့ ကျနော်တို့ကြိုးပမ်းဆောင်ရွက်နေတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြှောက်ဖို့ အတွက်ကိုတော့ ဒါက စိုးရိမ်ပူပန်မှုတွေ အမှန်တကယ်ရှိနေပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024