DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့၌ ၂ ရက်အတွင်း CDM ဝန်ထမ်းအပါအဝင် ပြည်သူ ၁၄ ဦး ဖမ်းဆီးခံရ
DVB
·
October 23, 2022
လောင်းလုံးမြို့၌ ၂ ရက်အတွင်း CDM ဝန်ထမ်းအပါအဝင် ပြည်သူ ၁၄ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက် နဲ့ ၂၂ ရက်အတွင်း CDM ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတဦးအပါအဝင် အဖမ်းခံရသူ ၁၄ ယောက်အထိ ရှိတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၅၀ နဲ့ အထက်ရှိသူအများစုဖြစ်ကြပြီး အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၅ ယောက်တို့ ဖြစ်ကြပါတယ်။

အခုလို အဖမ်းခံရသူတွေဟာ လောင်းလုံးမြို့ပေါ်က ၁၀ ယောက်၊ အောက်ရေဖြူကျေးရွာအုပ်စုက ၃ ယောက် နဲ့ ညင်းမော်ကျေးရွာက ၁ ယောက်တို့ ဖြစ်ကြပါတယ်။

လက်ရှိမှာတော့ အဖမ်းခံရသူတွေကို လောင်းလုံးမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး မိသားစုဝင်တွေနဲ့ လည်း တွေ့ခွင့်မပေးသေးဘူးလို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ NLD ပါတီ အမာခံထောက်ခံသူအများစုနဲ့ စျေးသည်တချို့လည်းပါဝင်ပြီး ဘာလို့အခုလို ဖမ်းဆီးခံခဲ့ရတာလဲဆိုတာကိုတော့ ဒီဗွီဘီအနေနဲ့ အတည် မပြုနိုင်သေးပါဘူး။

နေအိမ်မှာ လာရောက်ရှာဖွေဖမ်းဆီးခံရပေမယ့် အဖမ်းမခံခဲ့ရသူတဦးက  "လာဖမ်းတာက နာမည်အတိအကျနဲ့လာတာ။ ကိုယ့်နာမည်ရော အဖေနာမည်ရောပဲ၊ အိမ်မှာမရှိလို့သာ အဖမ်းမခံရတာ" လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနဲ့ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(လောင်းလုံးမြို့နယ်) တို့ကတော့ အဲဒီဖမ်းဆီးမှုတွေကို အောက်တိုဘာ ၂၁ ရက် မနက်ကမှ လောင်းလုံးမြို့ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ လောက်နဲ့ လောင်းလုံးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ လောက်ဟာ အောက်တိုဘာ ၂၃ ရက် မနက် ၃ နာရီလောက်က လောင်းလုံးမြို့ကနေ ထားဝယ်မြို့ဘက်ကို ပြန်တက်သွားပြီလို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

လောင်းလုံးမြို့နယ်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားကောင်းတဲ့ ဒေသ တခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံးဖမ်းဆီးမှုတွေလည်း မကြာခဏ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013