DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စားအုံးဆီ ၁ ပိဿာကို ၁ သောင်းဝန်းကျင်အထိ မြင့်တက်
DVB
·
October 23, 2022
ရန်ကုန်တွင် စားအုံးဆီ ၁ ပိဿာကို ၁ သောင်းဝန်းကျင်အထိ မြင့်တက်
Donate to DVB

နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က အောက်တိုဘာ ၂၁ ရက်က   မြန်မာနိုင်ငံကို အမည်မည်း စာရင်းသတ်မှတ်လိုက်ပြီးနောက်မှာ ပြည်တွင်းစားအုန်းဆီ စျေးဟာ လက်လီ တစ်ပိဿာကို ကျပ် ၁ သောင်းဝန်းကျင်အထိ မြင့်တက်လာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံကို အခုလို အမည်မည်းစာရင်းသတ်မှတ်ပြီးနောက်ပိုင်း စားသုံးဆီစျေးမှာ အဆမတန် မြင့်တက်လာတာလို့ အိမ်ရှင်မတဦးက ပြောပါတယ်။

"မနေ့ကဆို မနက်ကအထိ ဆီစျေးက ၆၆၀၀ ပဲရှိသေးတယ်။ ညနေဘက်ရောက်တော့ ၈၅၀၀ ဖြစ်သွားတယ်။ အခုမနက် ၁ သောင်းပေးဝယ်ရတယ်"

ပြည်တွင်းစားသုံးဆီစျေးနှုန်းမှာ မနေ့မနက်ပိုင်းက စတင်ကာ တစ်ပိဿာကို ကျပ် ၄၂၀၀ မှ ၆၆၀၀ ထိုမှ ၇၂၀၀၊ ၈၀၀၀၊ ၈၄၀၀၊ ၉၀၀၀ မှ ၁၀၀၀၀ အထိ တဖြည်းဖြည်းမြင့်တက်လာတာလို့ စားသောက်ဆိုင်ပိုင်ရှင်က ပြောပါတယ်။

"၄၂၀၀ ဆိုတာ တခါတလေ ဆီလုပ်ငန်းရှင်အသင်းက ကားနဲ့လာရောင်းတာကိုပြောတာ။ ကျန်တာက ဆိုင်တွေကပဲ ဝယ်ရတာ စားသောက်ဆိုင်ဆို ဆီက အမြဲဝယ်ရတာ။ အဲဒါကြောင့် စျေးတွေသိတာ တက်လည်း ဝယ်ရတာပဲ။ မဝယ်လို့မှမရတာ အများကြီးတော့ ဝယ်လှောင်မ ထားဘူး။"

စားသုံးသူတွေဘက်က စျေးနှုန်းမြင့်တက်မှု့ကြောင့် ပြောဆိုမှုတွေရှိသလို ဆိုင်ရှင်တွေဘက်ကလည်း ဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူရောင်းချနေရတယ်လို့ ဆီရောင်းချသူတဦးက  ပြောပါတယ်။

"ဝယ်တဲ့သူကလည်း စျေးကြီးလို့၊ ရောင်းတဲ့သူတွေဘက်ကလည်း စျေးနှုန်းကို စောင့်ကြည့်နေရတယ်။ ကျမှာလား မကျဘူးလား။ အများကြီးဝယ်မလှောင်ရဲဘူး။ တချို့ဆိုင်တွေ ဆို အရောင်းခဏနားထားပြီး စျေးနှုန်းကြည့်နေတာ။ လက်ရှိပေါက်စျေး ကိုးထောင်ပါ။ ဒါတောင် ဝယ်ချင်တိုင်းဝယ်မရဘူး။"

မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်းအသင်းက ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်နဲ့ကျေးရွာ တွေကို စားအုန်းဆီ တပိဿာကို ၄၂၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးတာမျိုး ရှိခဲ့ပေမဲ့ အောက်တိုဘာ ၂၂ ရက်မှစပြီး မရောင်းတော့ဘူးလို့ ဆီရောင်းဝယ်ရေးလုပ်သူတဦးက ပြောပါတယ်။

"လှည်းကူးမှာလည်း လာရောင်းတယ်။ ၂၁ ရက်က လှိုင်သာယာမှာ ရောင်းတယ်။ ၂၂ ရက်ကစပြီး ရောင်းတာမတွေ့ရဘူး။ သူတို့က ကျပ် ၄၂၀၀ တန်တယ်။ ဒါပေမဲ့ လူတိုင်းကို ရောင်းတာမဟုတ်ဘူး။  ရပ်ကွက်တိုင်း လမ်းတိုင်း မရောင်းဘူး။ သူရောက်တဲ့နေရာ ရောင်းတယ်။ အဲဒါကြောင့် အောက်ခြေက သူတွေက စျေးကြီးပေမဲ့ ဝယ်စားနေရတာ။"

လက်တလောမှာ စီးပွားကူးသန်း ဝန်ကြီးဌာနလက်အောက်ရှိ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စားသုံးဆီ တပိဿာကို ၃၈၀၀ ကျပ်နဲ့ ရောင်းချဖို့ အောက်တိုဘာ ၁၁ ရက်မှာ  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013