DVB Logo
Home
မြန်မာသတင်း
မန္တလေး အိုးဘိုထောင်အ‌နီး ‌လူနေအိမ်နှင့် ဆိုင်ခန်းများ အဓမ္မ ဖြိုဖျက်ဖယ်ရှားခံရ
DVB
·
October 23, 2022
မန္တလေး အိုးဘိုထောင်အ‌နီး ‌လူနေအိမ်နှင့် ဆိုင်ခန်းများ အဓမ္မ ဖြိုဖျက်ဖယ်ရှားခံရ
Donate to DVB

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုအကျဉ်းထောင်ကနေ ၇၆ လမ်းအကြား (၁) လမ်း တလျှောက်ရှိ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေကို စစ်ကောင်စီတပ်က  အင်အားသုံးပြီး အဓမ္မဖြိုဖျက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မူလလမ်းအကျယ်ကနေ  စီမံချက်အတွက်ဟု ဆိုကာ  ၁၅ အတွင်း ၃၆ ပေစီ ဖယ်ရှားပေးဖို့  သတိပေးစာ ပေးပို့ခံရပြီးတဲ့နောက် တစ်ပတ်ခန့်အကြာမှာပဲ လာရောက်ကာ အချိန်တစ်နာရီအတွင်း အမြန်ဆုံးရွှေ့ပေးဖို့ ခြိမ်းခြောက်ပြောဆိုပြီး ဖြိုဖျက်သွားတာလို့ အိမ်ဖျက်ခံရသူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ အရပ်ဝတ်တွေက လက်နက်အပြည့်အစုံနဲ့ အဆိုပါ နေရာတဝိုက် ပိတ်ဆို့ကာ လုံခြုံရေးယူပြီး ဖြိုဖျက်ခဲ့တာလို့ သိရပါတယ်။ 

အိမ်ဖျက်ခံရသူတစ်ဦးက"သံလမ်းနားတဝိုက်က လက်လုပ်လက်စားတွေများတယ်။ နောက်ထပ် ကူးစရာအိမ်လည်းမရှိတော့ဘူး။ အဓိကကတော့ အဲ့နားမှာ လက်လုပ်လက်စားများတယ်။ ဆင်းရဲသားများတယ်ပေါ့၊ သံလမ်းရဲ့ အရှေ့ဘက်ကတော့ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းများတယ်။ သူတို့အပိုင်းထိကတော့ သူတို့က အဆင်ပြေမှာပါ" လို့ ပြောပါတယ်။ 

အိမ်ဖျက်တဲ့နေရာမှာ ရွှေကျင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးရုံးဖွင့်လှစ်ရာ နေအိမ်လည်းပါသွားခဲ့သလို ရပ်ကွက်အတွင်းကျော်ကြားတဲ့ ဒလန်တစ်ယောက်ရဲ့ နေအိမ်လည်း ပါသွားတယ်လို့ သိရပါတယ်။

တချို့အိမ်တွေကတော့ မျက်နှာစာသာ ပါသွားပြီး တချို့အိမ်တွေကတော့ နေခိုင်စရာမရှိတော့တဲ့အထိ ဖြိုဖျက်ခံရရာမှာ ပါသွားတယ်လို့ သိရပါတယ်။

အဆိုပါ ရပ်ကွက်အတွင်းရှိ အန်အယ်လ်ဒီပါတီ အမာခံတွေရဲ့ နေအိမ်တွေနဲ့ တော်လှန်ရေးမှာ ပါတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်ခံထားရတာလည်း ဖြစ်ပါတယ်။ 

အခုလို ဖြိုဖျက်တာဟာ အကျဉ်းဦးစီးအတွက် အရေးပေါ် စီမံချက်နဲ့ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ မန္တလေးမြို့ခံတွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013