DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ် အခြေစိုက် ခမရ ၉၇ မှ ထောက်လှမ်းရေးမှူး ၁ ဦးကို KNLA ဖမ်းဆီးရမိ
DVB
·
October 21, 2022
ကော့ကရိတ် အခြေစိုက် ခမရ ၉၇ မှ ထောက်လှမ်းရေးမှူး ၁ ဦးကို KNLA ဖမ်းဆီးရမိ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် ခမရ ၉၇ ခြေမြန်တပ်ရင်းမှ ထောက်လှမ်းရေးမှူး အရာခံဗိုလ် စိုးမြင့်ကို ဖမ်းဆီးရမိထားတယ်လို့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက် မနေ့ ညနေ ၃ နာရီလောက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့နဲ့အတူ  ပစ္စတို သေနတ်တလက်၊ လက်ပစ်ဗုံးတလုံး၊ ကားတစီးနဲ့ သူ့နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားကြောင်းလည်း KNLA သတင်းရင်းမြစ်က ပြောတယ်။

ကော့ကရိတ်မြို့မှာ ဒီကနေ့မနက် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေက မြို့တွင်းတိုက်ပွဲဆင်နွှဲနေသလို စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်မျိုးစုံ အသုံးပြုပြီး ကော့ကရိတ်မြို့တွင်းနဲ့ မြို့အပြင် ကျေးရွာတွေကိုပါ ဗုံးသီးအလုံးအများအပြား ကြဲချသွားတယ်လို့  မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့မှာ အခြေချထားတဲ့ စစ်ကောင်စီ လက်နက်ကြီးကုန်းကလည်း မြို့တွင်းကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် မြို့တွင်းနေ ပြည်သူတချို့ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာတွေရှိပြီး အနီးအနားကျေးရွာနေ ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကော့ကရိတ်ဆေးရုံကြီးမှာ အမျိုးသမီး  တယောက်၊ အမျိုးသားတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရ လူကြီး ၁၀ ယောက်ကျော်နဲ့ ကလေးသူငယ် ၆ ယောက်လောက်ရှိတယ်လို့  ကော့ကရိတ်တိုက်ပွဲမှာပါဝင်တဲ့ ကျားဖြူတပ်ခွဲ (၁) သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ဖြစ်နေချိန်မှာ ကော့ကရိတ်မြို့ ခရိုင်ရဲစခန်း အချုပ်မှာ ဖမ်းဆီးခံထားရသူတွေ အချုပ်တံခါးဖွင့်ပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ကျားဖြူစစ်ကြောင်း၊ ကော်သူးလေ Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Federal Wings အစရှိတဲ့ပူးပေါင်းတပ်ဖွဲ့တွေက ကော့ကရိတ်မှာ ဒီမနက် မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲ​နေပြီး လက်ရှိ  မြို့ပတ်လည်ကို  KNLA  နဲ့ ပူး​​ပေါင်းအဖွဲ့က ဝိုင်းထားကာ လုံခြုံ​ရေး​ကင်းလှည့်​နေပါတယ်။

ရိက္ခာနဲ့လက်နက်ခဲယမ်းပြန်လည်ဖြည့်တင်းဖို့  လိုအပ်ချက်တွေရှိနေသေးတာကြောင့် ပြည်သူတွေ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013