DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ဗကသများအဖွဲ့ချုပ်ကဦးဆောင်ပြီး အခြေခံပညာကျောင်းသားများသမဂ္ဂ ဖွဲ့စည်း
DVB
·
October 21, 2022
ပခုက္ကူတွင် ဗကသများအဖွဲ့ချုပ်ကဦးဆောင်ပြီး အခြေခံပညာကျောင်းသားများသမဂ္ဂ ဖွဲ့စည်း
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး ပခုက္ကူဒေသအတွင်းရှိ အခြေခံပညာကျောင်းတကျောင်းမှာ အောက်တိုဘာ ၂၀ ရက်က အခြေခံပညာကျောင်းသားများသမဂ္ဂကို ဖွဲ့စည်း‌ပေးခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ တောင်းဆိုချက်အရ ကျောင်းသားထုအစည်းအဝေးတရပ်ကို ဦးဆောင်ခေါ်ယူပေးပြီး အမှုဆောင်အဖွဲ့ကို ကျောင်းသားထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တာလို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

သမဂ္ဂဖွဲ့ဖို့ အရင်ကတည်းက ဆက်တိုက်ဆိုသလို စည်းရုံးခဲ့တာဖြစ်ပြီး မနေ့က  ကျောင်းသားအစည်းအဝေးလုပ်ပြီး စတင်ဖွဲ့စည်းခဲ့တာလို့ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးက ပြောပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေက အခြေခံပညာကျောင်းတွေမှာ ရပ်ရွာကာကွယ်ရေး၊ ရပ်ရွာအုပ်ချုပ်ရေး၊ ကျောင်းအုပ်ချုပ်ရေးတွေကို တိုင်ပင်နှီးနှော အသိပေးပြီး ကျောင်းသားထုကို အကြိမ်ကြိမ် စည်းရုံးရေးဆင်းပြီးမှ အခုလို သမဂ္ဂအဖွဲ့တွေကို အခိုင်အမာ ဖွဲ့စည်းခဲ့ကြရတာ။”

ဗကသများအဖွဲ့ချုပ်ရဲ့ ဒေသဆိုင်ရာ စည်းရုံးရေးကော်မတီတွေက ဒေသအလိုက် လက်နက်ကိုင်တော်လှန်‌ရေး ဒီလှိုင်းအခြေအနေအပေါ် အကဲဖြတ်ပြီး ကျောင်းသားထုကို ဒီမိုကရေစီဝါဒနဲ့ မိတ်ဆက်ပေးတာတွေ ပြုလုပ်‌နေပါတယ်။

ဒါ့အပြင် အခြေခံပညာ ကျောင်းသားများသမဂ္ဂတွေ ဆက်လက်ပေါ်ထွန်းလာရေး အတွက်လည်း ဗကသများအဖွဲ့ချုပ်က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013