DVB Logo
Home
မြန်မာသတင်း
လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးအပါအဝင် ၃ ဦး ပစ်သတ်ခံရ
DVB
·
October 20, 2022
လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးအပါအဝင် ၃ ဦး ပစ်သတ်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်မှာ အောက်တိုဘာ ၂၀ ရက် ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိတယောက်နဲ့ သူ့ရဲ့ဇနီးအပါအဝင် သုံးယောက် ပစ်သတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အောင်ပန်း အမြောက်တပ်က ဗိုလ်ကြီးမြင့်ဆွေ (စစ်တက္ကသိုလ်အမှတ်စဉ်-၅၃)နဲ့ သူ့ဇနီးဖြစ်သူ မရတနာဦးနဲ့ တပ်သားအောင်ကိုမင်းတို့ဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က စားအုန်းဆီ လာထုတ်တာ။ ရန်ကုန်မှာ လုပ်ငန်းရှိတယ်နဲ့တူတယ်။ သူ့တပည့် တပ်သားလေးလည်း ပါတယ်။ သူ့ဇနီးရော”လို့ ပြောပါတယ်။

လှိုင်မြို့နယ် သီရိမြိုင် ၁၃ ရပ်ကွက် သီရိမြိုင်မှတ်တိုင်အနီး ဒီမနက် ၉ နာရီခွဲက အမည်မသိသေနတ်သမားနှစ်ယောက်က လမ်းလျှောက်ပြန်လာတဲ့ စစ်ကောင်စီတပ် အရာရှိကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“သီရိမြိုင်မှတ်တိုင်မှာ အပစ်ခံရတယ်လို့ ပြောတယ်။ စစ်တပ်က ဗိုလ်တယောက်ရယ်၊ သူ့အမျိုးသမီးရယ်၊ နောက်တယောက်ရယ် ပွဲချင်းပြီးပဲ သေနတ်သံ ဆယ်ချက်လောက် ကြားရတယ်” လို့ ပြောပါတယ်။

သေဆုံးသူမှာ စစ်ကောင်စီတပ်က အရာရှိတစ်ယောက်နဲ့ မိသားစုဝင် အမျိုးသမီးနှစ်ယောက်တို့ ဖြစ်ပြီး မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရလို့ သေဆုံးသူ ၃ ယောက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ စစ်ကောင်စီ ပြန်ကြားရေးကို မေးမြန်းနိုင်ခြင်းတော့ မရှိပါဘူး။

လတ်တလောမှာ စစ်ကောင်စီတပ်တွေက ၁၃ ရပ်ကွက်အတွင်းရှိ လမ်းတချို့နဲ့ သီရိမြိုင်မှတ်တိုင်မှာ လမ်းသွားလမ်းလာနဲ့ ကားတွေကို စစ်ဆေးနေပါတယ်။

လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့လက ဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သမက်ဖြစ်သူလည်း သေနတ်နဲ့ပစ်ခတ်ခံလို့ သေဆုံးခဲ့ပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ ၂၀ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု  ၂၇ ကြိမ်ဖြစ်ခဲ့ပြီး ၁၄ ဦး သေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013