Home
ဆောင်းပါး
မအလအတွက် မရဏ တံခါးခေါက်သံ
DVB
·
October 19, 2022
311977991_1573569376419495_6915272694533533577_n

ဘောလုံးစကားနဲ့ ပြောရမယ်ဆိုရင် စစ်အုပ်စုအတွက် ပွဲကြပ်ကာလကိုရောက်ပြီ ပွဲစဉ်တလျှောက် အသာစီးနဲ့ ကစားနေရတယ်လို့ ထင်ရပေမယ့် တဖြည်းဖြည်း ကစားအားကကျ၊ အသင်းက အထိနာလာ တစ်ဖက်အသင်းရဲ့ ‌ဦးဆောင်သူက မျှားခေါ်ပြီး ကစားနေတာ လူကျွံဘောတွေ ဖေါင်းဘောတွေ ဗလပွနဲ့ အလူးအလဲ ဒူးကွဲကာ ဟူးဟဲနှာမှုတ် အမောဆို့နေတုန်း ပွဲပြီးလို့ ပင်နယ်တီ ကန်ရမယ့်အချိန်ရောက်ပြီလို့ အချက်ပေး ခရာမှုတ်လိုက်ပါပြီ။

ဒီပွဲက နောက်ဆုံးပွဲ သရေမရှိ အနိုင် အရှုံး ပြတ်သားစွာ ဖော်ထုတ်ရမယ့်ပွဲ ကစားသမားလည်း မော၊ အားပေးသူလည်းလော ဒီပွဲပြီးမှ ရေသောက်ကြမယ်၊ ပန်းကောက်ကြမယ်၊ ဘုရားဖူးထွက်မယ်၊ ပျော်ပွဲစားထွက်မယ်၊ ဂိမ်းဆော့ကြမယ်၊ ကျောင်းတက်ကြမယ်၊ အလုပ်ခွင် ပြန်ဝင်ကြမယ်။ အားလုံး မျှော်လင့်တောင့်တနေကြတဲ့ နောက်ဆုံးပွဲ ။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ အတိအလင်း ထုတ်ဖော်ပြောခဲ့ပြီ။ အဘက်ဘက်ကလည်း အောင်နိုင်ရေးအတွက် ပြင်ဆင်ထားပြီ ညီဖို့လို့တယ်။ ကူဖို့ လိုတယ်။ လှူဖို့ လိုတယ်။ ညီညာမှ ပြည်သာနိုင်မှာ “တို့ပြည်သူတွေ ညီရဲ့လားဟေ့”လို့ တော်လှန်ရေးကာလ အစမှာကတည်းက နေပူထဲမှာရော မိုးရေထဲမှာရော ကျည်ဆန်တွေကြားမှာရော ဖမ်းဆီးသတ်ဖြတ်မှုတွေကြားမှာရော သံပြိုင်အော်ခဲ့ကြပြီးပြီ အခု အချိန်ကျပြီ။ မကြာခင် တိုက်ပွဲခရာသံတွေ နေရာအနှံ့ ပြန့်လွင့်လာတော့မယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံ‌ရေး၊ အုပ်ချုပ်ရေး၊ ဒေါင့်စုံ ကဏ္ဍစုံကနေ ထိုးဖေါက်ကြတော့မယ်။ သာဝအတွက် စစ်မျက်နှာဖွင့်ပြီး ကစားကွက်တွေ ပရိယာယ်တွေနဲ့ ဗျူဟာခင်းတော့မယ်။ ဒေါက်တိုင်တွေလည်း တအိအိပြိုနေပြီ။ သွေးပျက်လို့ ဘေးထွက်ဖို့လည်း ပြင်နေကြပြီ။ တိုင်းရင်းသားတွေ လိုချင်‌တော့တ မျှော်လင့်နေတဲ့ ဖက်ဒရယ် နိုင်ငံတော်ကြီး မဝေးတော့တဲ့ကာလမှာ မြင်တွေ့ကြရတော့မယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ် တိုက်ထုတ်ဖို့  အချက်ပေးခေါင်းလောင်းတီးလိုက်ပြီ ‌အဲဒီခေါင်းလောင်းသံက မအလအတွက်တော့ မရဏသေမင်းရဲ့ တံခါးခေါက်သံပါပဲ။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့ကနေ ခုခံစစ်စတင်ခဲ့တာ တနှစ်ပြည့်ပြီးတဲ့နောက် အခု နောက်ဆုံးတိုက်ပွဲကို တနှစ်အတွင်း အဆုံးသတ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြည်သူတွေကို အသိပေး ကြေညာခဲ့ပါပြီ အဲ့ဒီကြေညာချက်ဟာ မတရားအာဏာသိမ်းထားတဲ့ စစ်အုပ်စုအတွက် သာဝအတွက် မရဏတံခါးခေါက်သံပါပဲ။

၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင် နေဝင်းက ကျောင်းသားလူငယ်တွေကို ကျည်အစစ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ၁၉၈၈ မှာလည်း စစ်အာဏာရှင် သန်းရွှေက ပြည်သူလူထုကို ရက်ရက်စက်စက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ၂၀၀၇ ရွှေဝါရောင် အရေးခင်းမှာလည်း ရဟန်းရှင်လူ မိဘပြည်သူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ ယနေ့ ၂၀၂၁ မှာတော့ မြန်မာ့သမိုင်းမှာ မကြားဘူး မကြုံဘူးတဲ့ ရက်စက်နည်းမျိုးစုံနဲ့ ရွာလုံးကျွတ်မီးရှို့ ရဟန်းသံဃာ ဘုန်းကြီး မယ်သီလ ယောကျ်ား မိန်းမ ကလေးလူကြီး မသန်စွမ်းသူပါမချန် သတ်ဖြတ် မုဒိမ်းကျင့် ပြည်သူလူထုရဲ့ ဥစ္စာပစ္စည်း လုယက်ခိုးဝှက် အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက် အဲ့ဒီအကြမ်းဖက် စစ်အုပ်စုကို အမြစ်ပါမကျန်အောင် တနှစ်အတွင်း တိုက်ထုတ်တော်လှန်ကြဖို့ ယာယီသမ္မတကြီးက ပြတ်ပြတ်သားသား အသိပေးခဲ့ပြီ ဖြစ်တယ်။

ဒေဝဒတ်တောင် သူ့မှာနောက်လိုက်ရှိတယ်၊ အခြွေအရံရှိတယ်၊ တပည့်တပန်းရှိတယ်၊ ပေးတာယူ ကျွေးတာစားရတော့ လေလည်ရင်တောင် မွှေးတယ်ဆိုပြီး ဂုဏ်ဆာပြမယ့်သူတွေ ရှိတယ်။ သာဝမှာလည်း အဲဒီလိုရှိတာပဲ အမှီပြုပြီး စီးပွားရှာနေသူ တိုင်းပြည်ဘဏ္ဍာကို ခိုးဝှက်နေသူ ပြည်သူအပေါ်ကို အမိန့်အာဏာနဲ့ အနိုင်ကျင့် ခြိမ်းခြောက်စားသောက်နေသူတွေကတော့ သူတို့ကိုးကွယ်တဲ့ သာဝသာလျှင် သူတို့အရှင် သူတို့ဘုရင်ဆိုပြီး အမြီးမြှောက် ပြနေကြတာ တကယ်တမ်းကြသူတို့မှာ နယ်မြေကျဉ်းပြီး မြေကြောကျုံ့နေပြီ နေရာတိုင်း လူသားပီသစွာ လူလို သွားလာ နေထိုင်လို့မရတော့ပါဘူး။

အခုခေတ် လူငယ်တွေက စစ်မိစ္ဆာတွေရဲ့ ရိုင်းစိုင်းယုတ်မာတာ မတွေ့မကြုံခဲ့ရဘူး သူတို့ကောင်းကောင်းကြုံခဲ့ရတာ အရသာရှိတဲ့ လူပီသတဲ့ လူ့အခွင့်အရေးနဲ့ညီတဲ့ ဒီမိုကရေစီရဲ့ အရသာကို မြည်းစမ်းစားသုံးခဲ့ကြရတာ။ အဲဒီတော့ မအလကိုလည်း မကြောက်ဘူး၊ သာဝကိုလည်း မကြောက်ဘူး။ တိုင်းပြည်အနာဂတ်အတွက် ပြည်သူအတွက် သေတော့မှသေ ကျိုးတော့မှကျိုး ကန်းတော့မှကန်း၊ မနိုင် နိုင်အောင်ချမှာပဲ အဲ့ဒါ GZ မျိုးဆက်သစ်လူငယ်တွေပဲ ၆၂ ကိုလည်း ကြုံခဲ့တယ်။ ၈၈ ကိုလည်း ကြုံခဲ့တယ်ဆိုတဲ့ လူတွေက ခေတ်အဆက်ဆက် အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ခံထားရတော့ အခုချိန်ထိ ကြောက်စိတ်ရှိနေကြတုန်း စစ်တပ်ကို ငယ်ကြောက်လို ကြောက်ကြတာ စစ်အုပ်စုက ဟိန်းဟောက် ခြိမ်းခြောက်လိုက်တာနဲ့ ခံဝန်ထိုးဖို့အသင့် ဟုတ်ကဲ့ အဘ ဆိုပြီး ခေါင်းညိတ်ဖို့အသင့်။ ၈၈ မှာ CDM ဝန်ထမ်းတွေ တစ်ပတ်အတွင်း အလုပ်ပြန်ဝင်ပါလို့ အမိန့်ထုတ်လိုက်တာ ၅ ရက်လောက်နဲ့ အလုပ်ပြန်ဝင်ကြတယ်။  အခု Non CDM တွေကြည့်လိုက်။ အဲဒီထဲမှာ လူငယ်နည်းတယ်။ ရှိတဲ့အနည်းကလည်း GL မိဘတွေက ခွင့်မပြုလို့ Non CDM အတော်များများက GL တွေ အများဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခွင့်အရေးမျှော် ထိုင်ခုံရူးသွပ်နေတဲ့ GL တွေ ဖြစ်နေလို့ပဲ။

အရေးအခင်းကာလ အစမှာကတည်းက ၆၂ တုန်းကလို ၈၈ တုန်းကလိုနဲ့ ပြီးသွားမှာ မနိုင်ပါဘူးကွာလို့သူတို့က ပြောကြလိမ့်မယ် အခုလည်းပြောလိမ့်မယ် နောင်လည်းပြောလိမ့်မယ် ကုန်ကုန်ပြောရရင် သေတဲ့အထိ အာဏာရူးစစ်ဘီလူးမိစ္ဆာကို ကြောက်တဲ့စိတ်နဲ့ မနိုင်ဘူးပြောကြလိမ့်မယ်။

အခုဆို တော်လှန်ရေးလူငယ်တွေက စစ်မိစ္ဆာနားရွက်ကို တံတွေးစွတ်ပြီး ငယ်ထိပ်ကို ဖနှောင့်နဲ့ပေါက်နေကြပြီ စစ်ဗိုလ်မယား စစ်ဗိုလ်သားပါဆိုပြီး အရင်လို ဂုဏ်ဆာနိုင်သေးရဲ့လား မိဘဆွေမျိုးသားချင်းတွေ အရပ်ထဲရွာထဲ လမ်းသလားနိုင်သေးရဲ့လား အိမ်ကြီးအိမ်ကောင်း ရှိလျှက်နဲ့ မိသားစုလိုက် သူတို့အိမ်မှာ နေနိုင်သေးရဲ့လား။ အဲဒါ GZ တွေရဲ့ ဖနောင့်ပေါက်ချက်ပဲဖြစ်တယ်။

ဒူဝါလရှီးလက အဲ့တာတွေကြောင့် တနှစ်အတွင်း အဆုံးသတ်တိုက်ပွဲ ရာဇသံပေးလိုက်တာဖြစ်တယ်။ မအလ သာဝ အကြောက်ဆုံး မရဏတံခါးခေါက်သံ အခုဆို ပိုဆူညံလာပြီ၊ အမျိုးသားအစိုးရအဖွဲ့ဝင်တွေကို သမ္မတကြီးက ညွှန်ကြားနေပြီ မအလရဲ့ ထွက်ပေါက်ကို ပိတ်ဆို့ရာမှာ လိုအပ်တာထက်ပိုမိုဆောင်ရွက်ကြဖို့ မြေပြင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပူပေါင်းဆောင်ရွက်ဖို့ ညီညွတ်ကြဖို့ တတွတ်တွတ်ပြောနေပြီ ခွေးရူးကို ချောင်ပိတ်ရိုက်ရင် တွေ့သမျှ မြင်သမျှကိုက်တတ်တယ်။ သတိရှိပါ သာဝတော့ တံခါးခေါက်သံကြောင့် ကိုက်ဖြတ်ပြီး ရုန်းထွက်လိမ့်မယ်။

ပေကြီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024