DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းရဲစခန်းရှေ့ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် ပရဟိတဘုန်းကြီး ပြန်လွတ်လာ
DVB
·
October 17, 2022
ပုဏ္ဏားကျွန်းရဲစခန်းရှေ့ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် ပရဟိတဘုန်းကြီး ပြန်လွတ်လာ
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပရဟိတ ဘုန်းကြီးတပါး ပြန်လွတ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့မရဲစခန်းရှေ့မှာ အောက်တိုဘာ ၁၆ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ ပရဟိတ ကိုယ်တော် သဘာဝနဒီဟာ မြို့မဆရာတော်ကြီးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ညနေ ၄ နာရီကျော်လောက်မှာ ပြန်လွတ်လာခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့ ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကိုယ်တော်သဘာဝနဒီဟာ ရက္ခိုင်ရဟန်းတော်များအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသလို ရက္ခိုင်တံခွန်ဆုတံဆိပ် ၂ ခုရရှိထားကာ စစ်ဘေးရှောင်စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျ အရောက်သွားပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်ပံ့တွေ ပို့ဆောင်ကူညီပေးနေတာလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာတော့ ခမရ ၅၅၀ က စစ်သားတွေနဲ့ မြိုမရဲစခန်းက ရဲတွေဟာ နေ့စဥ်နီးပါး ကား၊ ဆိုင်ကယ်တွေကို ပိတ်ဆို့ စစ်ဆေးနေပြီး လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေကို သိမ်းဆည်းသလို လိုင်စင်ပါတဲ့ ကားတွေဆီကလည်း ငွေညှစ်နေကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် AA တို့ အခုနှစ် သြဂုတ်လ ကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်းမှာ မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။ 

ဒါ့အပြင် ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013