
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းနိုင်ငံဘက်က ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
တံတားပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် ကုန်သွယ်မှု စီးဆင်းမှုတွေ ပြန်လည်ကောင်းမွန် လာမယ်လို့ မျှော်လင့်ရပြီး စစ်ဆေးရေးဂိတ်အနီးမှာလည်း လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ စောင့်ဆိုင်းနေတဲ့ ကုန်တင်ကားတွေ တန်းစီနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တာ့ခ်ခရိုင် ခရီးသွားလုပ်ငန်းကောင်စီ ဥက္ကဋ္ဌကလည်း တံတားပြန်လည်ဖွင့်လှစ်နိုင်တဲ့အတွက် လပေါင်း များစွာ ပြတ်တောက်နေတဲ့ ကုန်သွယ်ရေး၊ ခရီးသွားလာရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြန်လည်ကောင်းမွန်စေဖို့ အထောက်အကူပြုနိုင်ပေမဲ့ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က စတင်ပြီး တရားမဝင်ကုန်စည် ပပျောက်ရေးလို့ အကြောင်းပြပြီး မြန်မာစစ်တပ်က ရုတ်တရက် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။











