DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ချိပ်ပိတ်ခံရသည့် Cover King ဖုန်းဆိုင်မှပစ္စည်းများကို ရဲတပ်ဖွဲ့က ကားဖြင့် သယ်ယူ
DVB
·
October 16, 2022
ကလေးမြို့တွင် ချိပ်ပိတ်ခံရသည့် Cover King ဖုန်းဆိုင်မှပစ္စည်းများကို ရဲတပ်ဖွဲ့က ကားဖြင့် သယ်ယူ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့၊ ဘုရင့်‌နောင်လမ်းမပေါ်က Cover King ဖုန်းကာဗာနဲ့ အပိုပစ္စည်းအရောင်းဆိုင်က ပစ္စည်းတွေကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက်မှာ ကားနဲ့သယ်သွားခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

အဲဒီဆိုင်ကို ဇန်နဝါရီ ၃၁ ရက်က ချိတ်ပိတ်ကာ နိုင်ငံပိုင်အဖြစ်သိမ်းဆည်းပြီး ၉ လအကြာမှာ ဆိုင်ထဲက ပစ္စည်းတင် စင်တွေနဲ့ ပစ္စည်းတွေကို ရဲယူနီဖောင်းဝတ်တွေက လာရောက် သယ်ဆောင်သွားတယ်လို့  မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

မနက် ၁၁ နာရီကတည်းက ဆိုင်ရှိ ပစ္စည်းတွေကို ပီနံအိတ်နဲ့ ထုပ်ပိုးကာ ရဲကား ၂ စီးနဲ့ သယ်ဆောင်နေကြတာ မြင်တွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

အသံတိတ်သပိတ်မတိုင်မီ ဖေစ်ဘွတ်ခ်လူမှုကွန်ရက်မှာ "၁-၂-၂၀၂၂ ဆိုင်တရက်ပိတ်ပါမည်။ ဆောင်းကုန်နွေဦးမို့ အလွမ်းသင့်သည့် အခါလည်းဖြစ်တော့ နားကြရတာပေါ့" လို့  ရေးတင်ပြီးနောက် ဆိုင်ကို ချိပ်ပိတ်ခဲ့တာပါ။

ကလေးမြို့မှာ စစ်ကောင်စီက ဒေသခံတွေကို စစ်ဆေး ဖမ်းဆီးနေပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို လည်း ချိတ်ပိတ်သိပ်ဆည်း နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013