DVB Logo
Home
မြန်မာသတင်း
တမူးတိုက်ပွဲ PDF တဦး ဒဏ်ရာရ၊ သိန်း ၂၀၀ ခန့်တန် သေနတ်တလက် ဆုံးရှုံး
DVB
·
October 16, 2022
တမူးတိုက်ပွဲ PDF တဦး ဒဏ်ရာရ၊ သိန်း ၂၀၀ ခန့်တန် သေနတ်တလက် ဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း  တမူးမြို့အထွက် ၄ မိုင်မှာ အောက်တိုဘာ ၁၃ ရက် တိုက်ပွဲအတွင်း PDF ရဲဘော် တယောက် ဒဏ်ရာရခဲ့ပြီး သိန်း ၁၈၀ တန် ၈၁ အမည်ရ သေနတ်တလက်ဆုံးရှုံးခဲ့တယ်လို့ တမူး PDF တပ်ရင်း ၄ ရဲ့ တာဝန်ခံက ပြောပါတယ်။ 

"သူတို့ဘက်က ညကတည်းက ကင်းပုန်းဝပ်နေတာ သတင်းရတယ်။ မနက်အစောပိုင်းမှာ သူတို့ ဘက်ကစပြီး လက်နက်ကြီးနဲ့ ပစ်တာ။ အဲဒီမှာ တိုက်ပွဲခဏဖြစ်‌တယ်။ ဒဏ်ရာရတဲ့ ရဲဘော်ကို သယ်နေရတာကတကြောင်း ခံတိုက်နေရတာရောဆိုတော့ ဒဏ်ရာရ ရဲဘော်ရဲ့ ၈၁ သေနတ် တလက်ကို ဘယ်လိုမှ သယ်လို့မရခဲ့ဘဲ ချန်ထားခဲ့ရတယ်။"

တမူးမြို့ပေါ်ကနေ စစ်ကြောင်း စထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ကြား အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းကစလို့  အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတယ်လို့ သိရပါတယ်။

တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားတာဟာ အခုဆို ၆ လကျော် ရှိနေပါပြီ။

တမူးမြို့နယ်မှာ ဇွန်လကုန်အထိ အရပ်သားပြည်သူ ၁၉ ဦး ထက် မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ယောက်ထက် မနည်းရှိကာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ် ၉ လုံးထက် မနည်းရှိ လာပြီလို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013