
ဒီမိုကရက်တစ်သမ္မတ ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ရောဂါဖြစ်ပွားကြောင်း အတည်ပြုထားသူ အရေအတွက် ၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၄၀၀ နီးပါး ရှိလာပြီလို့ အစိုးရက စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၀ ရက် အထိ စာရင်းတွေအရ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ရောဂါဖြစ်ပွားကြောင်း အတည်ပြုထားတဲ့ လူနာ ၇,၀၂၂ ယောက်၊ သေဆုံးသူ ၃,၃၉၈ ယောက်ကို မှတ်တမ်းတင်ထားပြီး၊ ရောဂါကြောင့် သေဆုံးနိုင်ခြေနှုန်းထားမှာ ၄၈.၄ ရာခိုင်နှုန်း ရှိနေပါတယ်။ စုစုပေါင်း လူနာ ၁,၆၇၁ ယောက်က ရောဂါသက်သာပျောက်ကင်းသွားပါပြီ။
အခုရောဂါဖြစ်ပွားမှုဟာ နိုင်ငံတဝန်းရှိ ပြည်နယ် ၇ ခုထဲက ကျန်းမာရေးဇုန်ပေါင်း ၆၂ ခုအထိ ကူးစက်ပျံ့နှံ့နေတာပါ။
မေ ၁၅ ရက်မှာ စကြေညာခဲ့တဲ့ အခုအသုတ် ရောဂါဖြစ်ပွားမှုဟာ ကွန်ဂိုနိုင်ငံသမိုင်းမှာ အကြီးမားဆုံးနဲ့ သေဆုံးမှုအများဆုံး ဖြစ်သလို ကမ္ဘာ့အဆင့်မှာလည်း ဒုတိယအကြီးမားဆုံး ဖြစ်လာခဲ့တယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် တေဒရို အက်ဒါနွန်မ် ဂေဘရီယေးဆပ်က ဩဂုတ် ၁၂ ရက်မှာ ပြောခဲ့ပါတယ်။
Source: Reuters











