၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်းကို ရှာကီရာ မိတ်ဆက်
DVB
·
May 8, 2026

ကိုလံဘီယာ အဆိုတော် ရှာကီရာဟာ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် တရားဝင်သီချင်းဖြစ်တဲ့ "Dai Dai" ကို မိတ်ဆက်လိုက်ပါတယ်။
နိုင်ဂျီးရီးယားအဆိုတော် Burna Boy နဲ့ တွဲဖက်သီဆိုထားတဲ့ ဒီသီချင်းကို မေ ၁၄ ရက်မှာ အပြည့်အစုံ ထုတ်လွှင့်မှာဖြစ်ပြီး ဒါဟာ ၂၀၁၀ ခုနှစ်က "Waka Waka" အပြီး သူမရဲ့ ဒုတိယမြောက် တရားဝင် ကမ္ဘာ့ဖလားသီချင်း ဖြစ်လာမှာပါ။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတိုမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို တော့ ဇွန် ၁၁ ရက်မှာ စတင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Photo:Reuters










