DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ် အမှတ် ၁ အထက်တန်းကျောင်း မီးလောင်
DVB
·
October 16, 2022
အင်္ဂပူမြို့နယ် အမှတ် ၁ အထက်တန်းကျောင်း မီးလောင်
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက်နေ့ မနက်အစောပိုင်းက အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမီးလောင်းကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဟာ မနက် ၂ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အချိန် ၁ နာရီခွဲကြာ မီးလောင်ကျွမ်းခဲ့တာကြောင့် ၁ ကျောင်းလုံးနီးပါး မီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူတွေအိပ်မောကျနေချိန်မှာဖြစ်တာ နှာမြောတာပေါ့ဗျာ၊ ကလေးတွေရဲ့ အနာဂတ်လေ စာသင်ကျောင်းဆိုတာ။ ပြီးတော့ ဒီကျောင်းက ရှေ့ဟောင်းကျောင်းကြီး၊ မီးမနိုင်တော့ အကုန်နီးပါ ပါသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ အထက ၁ စာသင်ကျောင်းဟာ လူအများအိပ်နေချိန် ဝါယာလျော့ဖြစ်ပြီး လောင်းကျွမ်းတာ ဖြစ်ပေမယ့် ရဲစခန်းနဲ့ နီးတာကြောင့် ကင်းတာဝန်ကျရဲကတော့ သိသင့်တယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ကျောင်းက တာဝန်ရှိသူတွေကို စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်ကျွမ်းချိန်မှာ မီးသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၅ စီးနဲ့ မီးသတ်စက်ယာဉ် ၁ စီးအသုံးပြုကာ မီးငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013