ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို လွတ်မြောက်အောင် အမေရိကန်က ကြိုးပမ်းသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေလ ၃ ရက်မှာ ပြောပါတယ်။
သမ္မတထရမ့်ပ်က “သူတို့ရဲ့ သင်္ဘောတွေကို ဒီကန့်သတ်ထားတဲ့ ရေလမ်းကြောင်းတွေကနေ ဘေးကင်းကင်း လမ်းညွှန်ပေးမယ်လို့ ကျနော်တို့ ဒီနိုင်ငံတွေကို ပြောပြီးပါပြီ။ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးက သိသာထင်ရှားအောင် အကြမ်းဖက်နေတဲ့ အရှေ့အလယ်ပိုင်း အငြင်းပွားမှုမှာ ပါဝင်ပတ်သက်မနေပါဘူး။ သူတို့က ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သူတို့ရဲ့ သင်္ဘောတွေကို လွတ်မြောက်အောင် ကျနော်တို့က ကူညီနိုင်မလားလို့ အမေရိကန်ပြည်ထောင်စုကို တောင်းဆိုခဲ့ကြတယ်”လို့ Truth လူမှုကွန်ရက်ကနေ ပြောခဲ့တာပါ။
ထရမ့်ပ်က အကူအညီတောင်းခံတဲ့ နိုင်ငံတွေရဲ့ နာမည်ကို မဖော်ပြပေမဲ့ သူတို့က ဘက်မလိုက်ဘဲ အပြစ်ကင်းတဲ့ ပွဲကြည့်ပရိသတ်တွေသာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ဒီသင်္ဘောအများအပြားမှာ သင်္ဘောသားကြီးတွေအတွက် ကျန်းမာပြီး သန့်ရှင်းတဲ့နည်းလမ်းနဲ့ သင်္ဘောပေါ်မှာ ရှိဖို့လိုတဲ့ အစားအစာနဲ့ တခြားအရာအားလုံး လျော့နည်းနေတယ်။
ထရမ့်ပ်က “ပြီးခဲ့တဲ့လတွေအတွင်း အပြင်းအထန်တိုက်ပွဲဝင်ခဲ့သူ အားလုံးကိုယ်စား စေတနာကောင်းကို ပြသရာမှာ ဒါက အလွန်အထောက်အကူဖြစ်စေမယ်လို့ ထင်ပါတယ်။ ဘယ်နည်းနဲ့မဆို ဒီလူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းစဉ်ကို ဝင်စွက်ဖက်ရင် ဝင်ရောက် စွက်ဖက်မှုကို ကံမကောင်းစွာဘဲ ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းရမယ်”လို့ ပြောပါတယ်။
Source: Reuters










