DVB Logo
Home
မြန်မာသတင်း
မင်းတပ်တွင် ကြားကာလပညာရေး သင်ယူနေသူ ၁၁,၀၀၀ ကျော်ရှိပြီး သင်ထောက်ကူ ပစ္စည်းများ လိုအပ်နေ
DVB
·
October 12, 2022
မင်းတပ်တွင် ကြားကာလပညာရေး သင်ယူနေသူ ၁၁,၀၀၀ ကျော်ရှိပြီး သင်ထောက်ကူ ပစ္စည်းများ လိုအပ်နေ
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ကြားကာလပညာရေး သင်ယူနေကြတဲ့ အခြေခံပညာ ကျောင်းသားကျောင်းသူ ၁၁,၀၀၀ ကျော်ရှိနေပြီး စာသင်ခန်းတွင်း သင်ထောက်ကူပစ္စည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ အချိန် ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြပွဲတွေနဲ့အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး အဲဒီထဲမှာ ချင်းပြည်နယ်က စစ်အာဏာရှင်ကို အမြစ်ဖြိုဖို့ တူမီးနဲ့ စတင်တော်လှန်ခဲ့တဲ့ ဒေသတခု ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုဗစ်-၁၉ ကပ်ဘေး၊ စစ်အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ အချိန် ၂ နှစ်ကျော်ကြာ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရတဲ့ KG တန်းကနေ Grade 9 အထိ အခြေခံပညာ ကျောင်းသားကျောင်းသူတွေအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး စေတနာ့ဝန်ထမ်းနဲ့ CDM ဆရာ ဆရာမ ၁,၃၁၅ ယောက်က တာဝန်ယူ သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

ဒီလိုသင်ကြားရာမှာတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ပညာသင်ကာလတခုအတွက် သင်ထောက်ကူပစ္စည်းတွေ လှူဒါန်းမယ်ဆိုရင် တယောက်ကို ငွေကျပ် ၁၅,၀၀၀ လောက် ကျသင့်နိုင်ပြီး ဆရာ ဆရာမတွေဟာလည်း ငွေကြေးထောက်ပံ့မှု အလုံအလောက် မရရှိဘဲ မိဘတွေက ကျခံပံ့ပိုးပေးမှုနဲ့ တလကို ကျပ် ၃ သောင်းလောက်သာ ရရှိနေတာကြောင့် ကြားကာလပညာရေး ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013