DVB Logo
Home
မြန်မာသတင်း
ရေး-ထားဝယ်ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 12, 2022
ရေး-ထားဝယ်ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာရွာနဲ့ မောင်မယ်ရှောင်ရွာကြား ရေး-ထားဝယ် ကားလမ်းပေါ်မှာ အောက်တိုဘာ ၁၁ ရက် မနက် ၇ နာရီလောက်က စစ်ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Dawei Guerrilla Revolutionary Force – DGRF ကထုတ်ပြန်ပါတယ်။

ဒေသခံတယောက်က “မနက်စောစောစီးစီး အသံတော်တော်ကြမ်းတယ်။ မြေပါတုန်တယ်။ (--)တွေ ကားပေါ်က ရမ်းပစ်ပြီး မောင်းပြေးသွားတယ်” လို့ ပြောပါတယ်။

ထားဝယ်ကနေ ရေဖြူဘက်ကိုတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မောင်မယ်ရှောင်ရွာ အဝင် တံတားအနီးမှာ အင်အားပြင်းမိုင်းနှစ်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ၄ စီးမြောက် စစ်ကောင်စီကားကို ချက်ကောင်းထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တံတားပေါ်ရပ်နေတဲ့ နောက်ကား ၅ စီးပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးနားဝန်းကျင်ကို ရမ်းသန်းပစ်ခတ်နေစဉ် ကြိုတင်အံကိုက်ချိန်ရွယ်ထားတဲ့ ရှေ့ထွက်မိုင်းနှစ်လုံး ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးနိုင်ပေမဲ့ အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ဆိုပါတယ်။

အခု မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာတဝိုက်ဟာ အရင်ကလည်း စစ်ကောင်စီယာဉ်တန်းကို Dawei Guerrilla Revolutionary Force – DGRF က မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013