DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံကို စွဲဆိုထားသည့် အဂတိမှု ၂ ခု မနက်ဖြန် အမိန့်ချမည်
DVB
·
October 11, 2022
နိုင်ငံတော်အတိုင်ပင်ခံကို စွဲဆိုထားသည့် အဂတိမှု ၂ ခု မနက်ဖြန် အမိန့်ချမည်
1 / 2
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာငါးသိန်းခွဲ လာဘ်ယူတယ်လို့စွပ်စွဲ တရားစွဲဆိုထားတဲ့ အဂတိနှစ်မှုကို မနက်ဖြန် အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။ 

ဒီနေ့ နေပြည်တော်အချုပ်ထဲက အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီနေ့ရုံးချိန်းမှာတော့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုအတွက် ဝယ်ယူတာ၊ ငှားရမ်းတာ၊ ဝန်ဆောင်မှုတွေကို စစ်ဆေးခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ညွန်ကြားရေးမှူး ဒေါ်သန္တာဖြူအေးကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအမှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ သက်သေတွေ ကျန်သေးပေမယ့် နောက်လာမယ့်ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲရမယ် လို့လည်း သိရပါတယ်။ 

“တရားရုံးကဘာပြောလဲဆိုတော့ သက်သေတွေတော့ ကျန်သေးတယ်။ ကျန်သေးတော့ ဥပဒေရုံးဘက်ရော၊ တရားရုံးဘက်ကရော ပယ်မယ်တော့ မပြောသေးဘူး။ သို့သော် စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ကိုတော့ လာမယ့် ၁၇ ရက်နေ့ ရုံးချိန်းကို ချိန်းလိုက်တယ်။ အဲနေ့မှာ စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးရမှာပေါ့” လို့ အဲဒီနီးစပ်သူက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်နေ့ ရုံးချိန်းတုန်းက ဒီအမှုတွေအတွက် သူ့မှာအပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။ 

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၁၉ မှုရှိခဲ့ပြီ အဲဒီအထဲက ၁၂ မှုအတွက် စစ်ကောင်စီတရားရုံးက ကနဦး ထောင်ဒဏ် ၂၃ နှစ် ချမှတ်ထားပါတယ်။ 

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့အဂတိအမှု ၅ မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အဂတိအမှု ၂ မှု၊ စုစုပေါင်း ၇ မှုကို ရင်ဆိုင်ဖို့ကျန်နေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013