DVB Logo
Home
မြန်မာသတင်း
လိပ်ရနယ်ခြားစောင့်စခန်းမှ သုံ့ပန်း ၃ ဦးနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရမိ၊ တောင်ကုတ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
October 11, 2022
လိပ်ရနယ်ခြားစောင့်စခန်းမှ သုံ့ပန်း ၃ ဦးနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရမိ၊ တောင်ကုတ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို အောက်တိုဘာ ၁၀ ရက်မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်း ၃  ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ထုတ်ပြန် ပါတယ်။

လိပ်ရနယ်ခြားစောင့်စခန်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေ နေထိုင်ကြတာ ဖြစ်ပြီး လက်နက်ကြီးနဲ့ နေ့ညမရွေး ပစ်ခတ်နေတဲ့ စခန်းတစ်ခုဖြစ်တာကြောင့် အောက်တိုဘာ ၁၀ ရက် မနက် ၄ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး ၁ နာရီလောက်အကြာမှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲမှာ အေအေတပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့ပြီး အထိအခိုက် အနည်းဆုံးနဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ကုတ်မြို့နယ် ကျောက်ဖြူ-ရန်ကုန် ကားလမ်းမှာလည်း အောက်တိုဘာ ၈ ရက် ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  အေအေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက် သေဆုံးသွားခဲ့တယ်လို့ အေအေနဲ့နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။

“တောင်ကုတ်က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လမုရွာနဲ့ ၁ မိုင်ကျော်ဝေးတဲ့ ကြက်တိန်တောင်တက်လမ်းမှာ ရခိုင့်တပ်တော်က ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ သူတို့ အင်အားက အကုန်လုံး ၃၉ ယောက်ပါတယ်”လို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာ စက်တင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေက တောင်ကုတ်မြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ ချောင်းသုံးခွကျေးရွာအနီးမှာ တကြိမ်နဲ့ တောင်ကုတ်မြို့ ချောင်းအတွင်းရှိ စစ်ကောင်စီရေယာဥ်ကိုတကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့  ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးတဲ့နောက် မောင်တော၊ ပလက်ဝမြို့နယ်တို့မှာ စစ်ကောင်စီတပ်စခန်း ၅ ခု ထက် မနည်းကို အေအေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော် အထိ ထပ်မံတိုးလာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013