DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးရန် RCSS ကမ်းလှမ်း
DVB
·
October 10, 2022
တိုင်းရင်းသားလက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးရန်  RCSS ကမ်းလှမ်း
Donate to DVB

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းကြား ပဋိပက္ခဖြေလျော့နိုင်ရေးနဲ့ နေရပ်စွန့်ခွာနေတဲ့ ပြည်သူတွေရဲ့အခက်အခဲ ဖြေရှင်းနိုင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ကမ်းလှမ်းလိုက်ပါတယ်။

တွေ့ဆုံဆွေးနွေးခြင်းကနေတဆင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊ အထင်မှားမှု လျှော့ချနိုင်ရး၊ နာလည်မှုရှိရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရေးနဲ့ လူထုနဲ့ တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ RCSS ရဲ့ အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ၂  ဗိုလ်မှူး ခမ်းစံက “အဓိက ပြည်သူလူထုကျတော့ စစ်ရေးတင်းမာနေတဲ့ ဒေသတွေကြားထဲမှာညပ်နေတယ်။ သူတို့က နေရပ်စွန့်ခွာလာတာတွေ များလာတယ်။ နောက်တချို့တွေဆိုရင် နယ်စပ်ဖြတ်ကျော်ပြီးမှ တခြားနိုင်ငံတွေ အလုပ်သွားလုပ်တာတွေ ရှိတာပေါ့နော်။ တစ်လ တစ်လ ထောင်ချီရှိတယ်လေနော်။ ကျနော်တို့ စစ်ရေးတင်းမာလာတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ ပြည်သူလူထု သောင်းချီ၊ သိန်းချီရှိပြီး နေရပ်စွန့်ခွာသွားတာ။ တချို့ရွာတွေဆိုရင် ပျက်ခါနီးရှိပြီလေ။ ဒါကြောင့် ကျနော်တို့ ပြည်သူလူထုအတွက် စဉ်းစားဖို့လိုတယ်ပေါ့။ နောက်တခု စစ်ရေးတင်းမာနေတယ်ဆိုတာ အဓိက အားနည်းတာတခုက communication လိုင်းတွေ အားနည်းတာပေါ့။ သတင်းမှား စီးဆင်းမှုတွေ၊ နားလည်မှုလွဲတာတွေ၊ အထင်မြင်လွဲတာတွေ ဒါကြောင့် ကျနော်တို့တွေ့ဆုံဆွေးနွေးပြီးတော့မှ တဖက်ရဲ့သတင်းကို ကျနော်တို့ အပြန်အလှန် ဖလှယ်မယ်ဆိုရင် ကျနော်တို့ တင်းမာမှုတွေ လျှော့ချနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်လေ။” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့  အောက်တိုဘာ ၁၀ ရက်ကနေ  ၂၀၂၃ ခု  ဖေဖော်ဝါရီ ၁၀ ရက်အထိ ရှမ်းပြည်နဲ့ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

“ဒီတခေါက်ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်ကျတော့ အဓိက ၂ ချက်ရှိတယ်။ အရေးကြီးဆုံးကတော့ ရှမ်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအချင်းချင်းကြားမှာ ပဋိပက္ခ ဖြေလျှော့နိုင်ရေးပေါ့နော်။ နောက်တခုကျတော့ ဒီစစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ ကြားထဲမှာ ညပ်နေတဲ့ ပြည်သူလူထုဒုက္ခရောက်နေတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ပေါ့နော်။ အဓိက ဒီအချက်တွေပါပဲ”  လို့ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

ဒီလို အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခြင်းကနေ မဟာမိတ်ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအထိ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းရတာလို့ RCSS ထုတ်ပြန်ထားပါတယ်။

RCSS အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အဖွဲ့ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း   ၂ ကြိမ်တိုင် သွားတက်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ 

Photo-RCSS/SSA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013