DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရနယ်ခြားစောင့်စခန်းကို အေအေ သိမ်းပိုက်
DVB
·
October 10, 2022
မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရနယ်ခြားစောင့်စခန်းကို အေအေ သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နယ်မြေ(၄) လိပ်ရနယ်ခြားစောင့်စခန်းကို အောက်တိုဘာ ၁၀ ရက် ဒီနေ့မနက်ပိုင်းမှာ ရက္ခိုင်တပ်တော်(အေအေ)က တိုက်ခိုက်သိမ်းပိုက် လိုက်တယ်လို့ အေအေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"မနက်အရုဏ်ကတည်းက  ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်လိုက်တာ။ အကျအဆုံးတော့ မသိရ သေးဘူး။ စခန်းမှာ နယ်ခြားစောင့် အင်အား ၇၀ လောက်တော့ ရှိတယ်။ စခန်းကိုတော့ မီးရှိုခဲ့ကြတယ်။ "

လိပ်ရစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လိပ်ရနယ်မြေ(၄) အနီးတဝိုက်ကို မနက်အစောပိုင်းကတည်းက  အခုချိန်အထိ တောင်ပြိုဗျူဟာနဲ့ ကြိမ်ချောင်း နခခ (၇)က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ နံသာတောင် ဒေသခံတွေက ပြောပါတယ်။

"သူတို့က တိုက်ပြီးတာနဲ့ စခန်းထိုင် မနေဘူး။ ထိုင်နေရင် လေကြောင်းက လာတာကို ထိုင်စောင့်သလိုဖြစ်နေမှာ။ ဒါကြောင့် သိမ်းပြီး ပြန်ဆုတ်တာ။ ဒီလို စခန်း တခုပြီး တခုတိုက်ရင်း မြောက်ပိုင်းကို စကစက အင်အားတိုး မချနိုင်တော့မှ လက်လွတ်သွားမယ်လို့ ထင်တာ။"

နယ်မြေ(၄)လိပ်ရစခန်းဟာ မောင်တော-ကြိမ်ချောင်း-တောင်ပြို-လိပ်ရ- နံသာတောင်လမ်းပေါ်မှာ တည်ရှိပြီး အင်အား ၇၀ လောက်ရှိတဲ့ နယ်ခြားစောင့်စခန်းတခု ဖြစ်ပါတယ်။

အင်အား ၃၀၀နဲ့ အခုလို စခန်းသိမ်းပိုက်မီးရှို့ခဲ့တာနဲ့ပတ်သက်လို့ အေအေပြောခွင့်ရ ခိုင်သုခကို လူမှုကွန်ရက်ကနေ ဆက်သွယ် မေးမြန်းထားပေမဲ့ အခုချိန်ထိ ပြန်လည် မဖြေကြားသေးပါဘူး။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက် မရသေးသလို အေအေနဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ အထိ အင်အား ၂၀ နဲ့ ၃၀ ရှိ စခန်းငယ်တွေကို ရက္ခိုင်တပ်တော်က သိမ်းနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013