DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် စစ်တပ်က လေယာဥ်အသုံးပြုပစ်ခတ်၊ ဒေသခံ ၂၀၀ နီးပါး ပိတ်မိနေ
DVB
·
October 8, 2022
ဝက်လက်တွင် စစ်တပ်က လေယာဥ်အသုံးပြုပစ်ခတ်၊ ဒေသခံ ၂၀၀ နီးပါး ပိတ်မိနေ
Donate to DVB

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာနဲ့ ဘုရားလေးကုန်းရွာကို စစ်ကောင်စီက အောက်တိုဘာ ၈ ရက်နေ့ ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်လောက်မှာ လေယာဉ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ပထမ ဂျက်ဖိုက်တာ ၂ စီးနဲ့ပစ်ခတ်ခဲ့ပြီး နောက်ထပ်ရဟတ်ယာဉ်လေးစီးနဲ့ စစ်သားတွေချကာ ဘုရားလေးကုန်း ဒေသခံတွေကို ပိတ်ဆို့ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ရွာသားတဦးက “စစ်ကောင်စီက ပစ်ခတ်တာက ပထမ ငါးပတ်ချောင်းရွာအနီးကနေ ပျံလာပြီး မင်းကွန်းတောင်းရိုး ကနေ စတင်ပစ်ခတ်တယ်။ အဲလိုပစ်ခတ်လို့ ဆင်နင်းကျေးရွာက စာသင်ကျောင်းပျက်စီးခဲ့တယ်။ နောက်ပြီး ဘုရားလေးကုန်းရွာကို ပိတ်ဆို့ပြီး ဒေသခံရွာသား ၂၀၀ နီးပါး ပိတ်ဆို့ဖမ်းဆီးခံထားရတယ်” လို့ ပြောပါတယ်။

အဆိုပါကျေးရွာတွေကို စစ်ကောင်စီက လာရောက်ပစ်ခတ်တာ ၂ ကြိမ်ရှိနေပြီဖြစ်ကာ ပထမအကြိမ်က ၂၀၂၁ ခုနှစ် ၈ လပိုင်းက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၂ ရဲ့ တာဝန်ရှိသူ ဗိုလ်စွန်ရဲက “စစ်ကောင်စီ ပစ်ခတ်လို့ ဒေသခံတွေ အထိအခိုက်အကျဆုံးတော့ မသိရသေးဘူးဗျ။ ဘုရားလေးကုန်းရွာကတော့ ဒေသခံ ၂၀၀ ခန့် ပိတ်မိနေတယ်။ ဘာကြောင့်လာပစ်တာလဲဆိုတော့ ကျနော်တို့ ညီနောင်တပ်ရင်း ၂ စခန်းကို လာစီးတာဗျ။ ရဲဘော်အထိအခိုက်ကတော့မရှိဘူး။ စခန်းကတော့ စစ် (-) တွေ သိမ်းတာခံလိုက်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို မြေပြင်တိုက်ခိုက်မှုတွေမှာ ယှဉ်မတိုက်နိုင်တာကြောင့် လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတာလို့ စစ်ကိုင်းဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013