DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
October 8, 2022
မင်းပြားမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့မှာ အောက်တိုဘာ ၈ ရက် မနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ယောက်အပါဝင် ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနီတုတ်ချေ၊ ကိုလူမင်းနိုင်၊ ကိုမောင်ဆန်းနဲ့ ကို ကျော်ညွန့်တို့ ၄ ယောက်ကို ဒီနေ့မနက် ၅ နာရီလောက်မှာ ခမရ ၅၄၁ နဲ့ ၃၇၉ တပ်ရင်းက တပ်ဖွဲ့ ဝင်တွေ လာဖမ်းသွားတယ်လို့ မင်းပြားမြို့ ဒေသခံတယောက်က ပြောပါတယ်။

"သူတို့ကို ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ အတိကျမသိရသေးပေမယ့် ULA/AA နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာလို့ ယူဆရတယ်။ ပြည်သူတွေကို ULA/AA နဲ့ ပတ်သက်မှုရှိတယ်လို့စွပ်စွဲ ပြီး မကြာခဏဖမ်းဆီးနေတယ်။"

အခုလပိုင်းတွေအတွင်း စစ်ကောင်စီဘက်က ပရဟိတသမားတွေ၊ AA နဲ့ နီးစပ်သူတွေ၊ သတင်းထောက်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားဖမ်းဆီးနေသလို ပြည်သူတွေကို လည်း ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်တွေမှာ အောက်တိုဘာလ ပထမပတ်အတွင်းမှာ စစ်ကောင်စီ တပ်နဲ့ ရက္ခိုင်တပ်တော် AA တို့ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် အကြိမ် ၂၀ ကျော်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အယောက် ၄၀ သေဆုံး၊ ၂၅ ယောက်ထက်မနည်း ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ ရက္ခိုင့်တပ်တော်ဘက်ကလည်း ကျဆုံးဒဏ်ရာရသူ တချို့ရှိခဲ့တယ်လို့ အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013