DVB Logo
Home
Lead Story
ကျုံပျော်မြို့တွင် အသက် ၆၃ နှစ်အရွယ်အမျိုးသား PDF အဖြစ် စွပ်စွဲဖမ်းဆီးခံရ
DVB
·
October 6, 2022
ကျုံပျော်မြို့တွင် အသက် ၆၃ နှစ်အရွယ်အမျိုးသား PDF အဖြစ် စွပ်စွဲဖမ်းဆီးခံရ
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖြစ် အောက်တိုဘာ ၃ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

ကျုံပျော်မြို့နဲ့ ကျောင်းကုန်းမြို့ကြားက သရက်ကုန်းကျေးရွာမှာနေထိုင်တဲ့ အသက် ၆၃ နှစ်အရွယ် ဦးတိုက်မောင်းကို စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက အင်အား ၂၀ လောက်နဲ့ လာရောက် ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“အင်အား ၂၀ လောက်နဲ့လာဖမ်းတာ။ သူ နေတဲ့အိမ်က အမျိုးသားကိုပါ ဖမ်းသွားတာ။ ထင်တာတော့ ကျောင်းကုန်းစခန်းကို ခေါ်သွားတယ် ထင်တယ်၊ ခုထိတော့ ဘာသတင်းမှ မကြားရသေးဘူ” လို့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။ 

အသက် ၆၃ နှစ်အရွယ် ဦးတိုက်မောင်း ဖမ်းဆီးခံရတဲ့နေ့မှာပဲ ကျုံပျော်မြို့နယ် ရေးစခန်းတိုက်နယ်က ကိုဒဿ ဆိုတဲ့ အမျိုးသားကိုလည်း စစ်ကောင်စီတပ်သားတွေက ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ 

ဦးတိုက်မောင်းအပါအဝင် အမျိုးသား ၃ ဦးကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းချုပ်စစ်ဆေး နေတယ်ဆိုတာ အတိအကျမသိရသေးသလို မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013