DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းနေရာများသို့ စစ်တပ်အရာရှိများ ရောက်လာမည်ဟု သတင်းထွက်
DVB
·
October 5, 2022
ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းနေရာများသို့ စစ်တပ်အရာရှိများ ရောက်လာမည်ဟု သတင်းထွက်
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်ရီဖြစ်လာပြီးနောက် တပ်က အနားပေးခံရတဲ့ ထိပ်တန်းအရာရှိတွေ ရောက်လာမယ်ဆိုပြီး သတင်းထွက်နေပါတယ်။

အောက်တိုဘာ ၄ ရက်ကနေ ၅ ရက်နေ့ထိ နှစ်ရက်တာပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ တတိယအကြိမ်ညီလာခံအပြီးမှာ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း ရဲချုပ်ဟောင်း ဦးခင်ရီကို ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် တရား၀င်အတည်ပြုလိုက်ပါတယ်။

ယခင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးလက်ထက်မှာ ညီလာခံမပြုလုပ်ပေးတာ၊ ငွေကြေးအလွဲသုံးတာ စတဲ့ ပါတီတွင်း အကွဲအပြဲ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ပါတီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရီကို စစ်ကောင်စီခန့် လ၀က၀န်ကြီးကနေ ပြီးခဲ့တဲ့လပိုင်းက အနားပေးပြီး ညီလာခံမလုပ်ခင်ထိ ယာယီဥက္ကဋ္ဌအဖြစ် တာ၀န်ယူနေတာပါ။

ပါတီရဲ့ နှစ်ရက်တာ ညီလာခံအပြီး ယနေ့မှာတော့ ဦးခင်ရီကို ဥက္ကဋ္ဌအဖြစ် အတည်ပြုခန့်အပ်လိုက်ပြီး  ဦးမြဟိန်း(လေချုပ်/ ဗိုလ်ချုပ်ကြီးဟောင်း) နဲ့ ဦးလှထွန်း (သမ္မတရုံး၀န်ကြီးဟောင်း) တို့ကိုလည်း ယခင်အတိုင်း ဒုတိယဥက္ကဋ္ဌတွေအဖြစ် ပြန်လည် ခန့်အပ်လိုက်သလို တွဲဖက်အထွေထွေအတွင်းရေးမှုးအဖြစ် ဦးတင်အောင်ချစ်ကို ခန့်အပ်လိုက်တယ်လို့ ညီခံတက်ရောက်သူ တွေဆီကနေ စုံစမ်းသိရပါတယ်။

“ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှစ်ယောက်နဲ့ တွဲဖက်အထွေထွေအတွင်းရေးမူးနေရာတွေကို အတည်ပြုလိုက်တယ်။ ဒုတိယဥက္ကဋ္ဌ တနေရာနဲ့ အထွေထွေအတွင်းရေးမှုး နေရာကတော့ လစ်လပ်နေသေးတယ်။ ဗဟိုအလုပ်အမှုဆောင်နေရာတွေကတော့ အရင်အတိုင်းပဲ” လို့ တက်ရောက်သူတဦးက ဆိုပါတယ်။

ပါတီညီလာခံမပြုလုပ်ခင် ရက်ပိုင်းက စစ်တပ်ထိပ်ပိုင်းရာထူးတွေကနေ အနားပေးခံရသူတွေ ပါတီကို ရောက်လာမယ်လို့ သတင်းတွေ ထွက်နေပြီး ညီလာခံ တက်ရောက်လာတာတော့ မတွေ့ရဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ပိုင်းက အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၄) တာ၀န်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယစစ်ချုပ် ဗိုလ်ချုပ်မျိုးမြင့်၊ တပ်မ (၄၄)တပ်မမှုး ဗိုလ်မှုးချုပ်တင်မိုးနိုင်နဲ့ တမခ(၄၄) ဒု တိယဗိုလ်မှုးကြီးမြခိုင် တို့ကို စစ်ဘက်ရာထူးတွေက အနားပေးလိုက်တယ်လို့ သိရပါတယ်။

“မနက်ဖြန် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးလုပ်မယ်ကြားတယ်။ အဲအစည်းအဝေးမှာ အခုလစ်လပ်နေတဲ့နေရာတွေမှာ တပ်က နားတဲ့သူတွေ ခန့်ဖို့ အတည်ပြုမလားတော့ မသိဘူး”  အဆိုပါ တက်ရောက်သူက ပြောပါတယ်။

စစ်ဘက်ရာထူးကနေ အနားပေးခံရသူတွေထဲက ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းတို့ဟာ ပါတီမှာ ထိပ်ပိုင်းရာထူးတွေရမယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013