DVB Logo
Home
မြန်မာသတင်း
CDM ဆရာ၊ ဆရာမများအား အလေးထားဂုဏ်ပြုဦးညွှတ်ကြောင်း NUG ယာယီသမ္မတပြော
DVB
·
October 5, 2022
CDM ဆရာ၊ ဆရာမများအား အလေးထားဂုဏ်ပြုဦးညွှတ်ကြောင်း NUG ယာယီသမ္မတပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ ပါဝင်တော်လှန်နေကြတဲ့ CDM ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကို အလေးထား ဂုဏ်ပြုဦးညွှတ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

အောက်တိုဘာ ၅ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၅၅ နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ခုလို ပြောလိုက်တာဖြစ်ပြီး ပညာရေးနယ်ပယ်က ဆရာ ဆရာမ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးအတွက် ပင်မမဏ္ဍိုင်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ကြားကာလပညာရေးအတွင်း တချို့ ဆရာ၊ ဆရာမတွေဟာ မြေပြင်စာသင်ကျောင်းတွေမှာ သက်စွန့်ဆံဖျား ပညာသင်ကြား ပို့ချပေးနေကြသလို တချို့လည်း အွန်လိုင်း ပညာရေး ပလက်ဖောင်းကို အသုံးပြုပြီး နေ့စဉ် လုံ့လစိုက်ထုတ် ကြိုးစားနေကြတာကို တွေ့နေရပြီး လတ်တလောမှာတော့ မြေပြင် ပြည်သူ့ပညာရေးကျောင်းပေါင်း ၁,၀၀၀ ကျော်၊ အွန်လိုင်းကျောင်းပေါင်း ၆၀ ကျော်နဲ့ တက္ကသိုလ်အသွင် သင်ကြားပို့ချနိုင်တဲ့ အခြေအနေတွေအထိ ပေါ်ထွက်လာခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို နွေဦးတော်လှန်ရေးနဲ့အတူ အုတ်မြစ်ချ တည်ဆောက်ဖို့ ဆန္ဒရှိကြောင်းနဲ့ အထူးသဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ရွပ်ရွပ်ချွံချွံ အာဏာဖီဆန်ခဲ့ကြတဲ့ ပညာရေးနယ်ပယ်မှ ဆရာ၊ ဆရာမတွေ အားလုံးရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေဟာ ပြည်သူလူထု တရပ်လုံးအတွက် မြင့်မြတ်တဲ့ အမှတ်သင်္ကေတလည်း ဖြစ်ခဲ့သလို တော်လှန်ရေးသက်လုံ အားကောင်းအောင် အထောက်အကူ ပြုတာကိုလည်း တွေ့ရတဲ့အတွက် လေးစားဂုဏ်ယူမိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း ကလေးငယ်တွေ စာသင်နေချိန် စစ်ကောင်စီက စစ်ရဟတ်ယာဉ်နဲ့ အင်အားသုံးပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ လတ်တလောဖြစ်ရပ်တွေ အပါအဝင် စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု နိုင်ငံတကာသိ ကျူးလွန်မှုဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အရင်ကတည်းက တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာ၊ လူမျိုးတုံး သတ်ဖြတ်မှုတေွကို ကျူးလွန်ခဲ့ပြီးဖြစ်ကာ NUG အစိုးရကလည်း အဆိုပါ အကြမ်းဖက် ဖက်ဆစ်စနစ်ကို အပြီးတိုင် ကွယ်ပျောက်သွားနိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013