DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ ပြည်သူ ၇၅၀၀ ခန့် ထွက်ပြေးနေရ
DVB
·
October 4, 2022
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ ပြည်သူ ၇၅၀၀ ခန့် ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းမှာ ဒီနေ့ အောက်တိုဘာ ၄ ရက် မနက် ၆ နာရီဝန်းကျင်ကစလို့ ဇော်ချောင်း၊ အလယ်ခုံ၊ သင်တောနဲ့ လွင်ကြီးကျေးရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ဝင်ရောက်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၇၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ ချပ်ကုန်းကျေးရွာကနေ ဇော်ချောင်းကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာ‌တွေရှိတယ်လို့ သိရပါတယ်။ 

“မနက်က ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်လာတာ။ သေနတ်တွေနဲ့လည်း ရမ်းပစ်လာတာ။ ရွာကတော့ အကုန်ပြေးနေရပါတယ်ဗျ။ နေအိမ်တွေလည်း မီးရှို့နေတယ်။ ဘယ်လောက် လောင်သွားလဲ လတ်တလောအတိကျမသိရသေးဘူး။ ဘယ်သူမှ ရွာထဲ မဝင်ရဲကြသေးဘူး။ ကျနော်တို့ ရွာတင်မကဘူး။ အနီးက တခြားရွာတွေပါ ပြေးနေရတာပါ။ လက်ရှိ ကျနော့် မိသားစုတောင် လူစုံမတွေ့ရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အနီးဝန်းကျင်မှာ တိုက်ပွဲတစုံတရာမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်တယ်လို့သိရပြီး ခမရ ၃၆၃ တပ်ရင်းက ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျေးရွာနေ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တောတွင်းနဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ဥသျှစ်ကုန်းကျေးရွာကို အင်အား ၇၀ လောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် နေအိမ် ၇ လုံး ဆုံးရှုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013